I can't let you go

4.2K 407 9
                                    

Unicode version

Hope Not

Episode - 6

" ဘယ်...ဘယ်လို ....
လမ်း ....လမ်းခွဲမယ် ..."

Jennie...မ ဆီက မထင်မှတ်ထားတဲ့
စကားတစ်ခွန်းကြောင့် အကြီးအကျယ်
Shock ရသွားသည် ....

ဒီအတိုင်း ...မ စိတ်ကောက်နေတယ်လို့ပဲ
ထင်ထားခဲ့တာ ....
အခုလို လမ်းခွဲစကား မ ဆီကနေ
ကြားရလိမ့်မယ်လို့ တစ်ကယ် ထင်မထားခဲ့မိတာ
လမ်းခွဲဖို့အထိက
ဘာအကြောင်းတွေရှိနေခဲ့လို့လဲ...

မ နဲ့ က ဘယ်တုန်းကမှ လမ်းခွဲလောက်အောင်
စကားမများခဲ့ဖူးဘူးလေ....

မ ဘာအတွေးနဲ့ အခုလိုအထိပြောလာရတာလဲ

Jennie ...ခေါင်းထဲ မေးခွန်းပေါင်းများစွာ
ဝင်ရောက်လာသည် ....

အခုလို လမ်းခွဲစကား မ ဘက်ကနေ
အပြောခံရတာကြောင့်
မာနကို ထိခိုက်လာသလိုခံစားရလာသည် ...

" Honey ...Really!! "

မ ရဲ့ မျက်နှာကို စေ့စေ့ကြည့်ပြီး
လှမ်းမေးလိုက်ပေမဲ့
မ က မျက်နှာလွှဲသွားပြီး
Imm ...တစ်လုံးပဲဖြေသည် ...

" Okay လမ်းခွဲကြတာပေါ့"

ပြသနာကို ဖြေရှင်းရမဲ့အစား
အကြောင်းအရင်းကို မေးရမဲ့အစား
လမ်းခွဲကြတာပေါ့ ဆိုတဲ့ စကားတစ်လုံးသာ
Jennie ပါးစပ်ထဲက ထွက်ကျလာပြီး
မ ရဲ့ အခန်းထဲကနေ ခြေလှမ်းကျဲတွေနဲ့
ထွက်လာခဲ့လိုက်သည် ...

ဒီလိုမာနကို ထိခိုက်တဲ့ခံစားမှုမျိုး
ဘယ်သူ့ဆီကမှ မရဘူးတာကြောင့်
ထိုကဲ့သို့ပြုမူမိလိုက်ခြင်းလား
Jeiine ကိုယ်တိုင်ကပဲ လမ်းခွဲချင်နေတာလား
ထို ရှုပ်ထွေးတဲ့ ခံစားမှုကနေ
အမြန်ဆုံးလွတ်မြောက်ချင်တာကြောင့်
ကားပါကင်ဆီပဲ အမြန်ဆုံးရောက်အောင်
သွားနေမိသည် ...

ဘယ်ဘက်ရင်အုံက အတော်လေးကို
အောင့်သက်သက်ဖြစ်ကာ
နေရခက်လာသည် ....

မျက်ဝန်းထဲက မျက်ရည်စတွေက
ခုန်ဆင်းချင်လောက်အောင် ဝဲတက်လာပေမဲ့
မာန ဆိုတဲ့ တံတိုင်းက ကြားခံထားတာကြောင့်
မျက်ရည်စတို့က မဆင်းလာပဲ
မျက်ခမ်းပါးပေါ်မှာပဲ တွဲခိုနေလေ၏။

Hope Not (Completed)Tempat cerita menjadi hidup. Temukan sekarang