Touch...

4.9K 339 20
                                    


Unicode ver

Hope Not

Episode - 19

Jennie  မကို ဖက်ထားရာမှ လွှတ်လိုက်ပြီး
မကို မော့ကြည့်လိုက်သည်....

မ ကလည်း Jennie ကို ပြုံးပြရင်း
ငုံ့ကြည့်နေလေ၏။ ...

Jennie  မဆီက အနမ်းလေးတွေလိုချင်တာကြောင့်
မျက်လုံးတွေ ကိုမှိတ်ထားလိုက်သည် ။....

Jennie အကြောင်းကို Jennie ထက်ပိုပြီးသိတဲ့
မက အလိုက်သိစွာနဲ့ နှဖူးလေးကိုလာငုံ့နမ်းလေ၏။

Jennie... မရဲ့ အနမ်းတွေကို တုံ့ပြန်ဖို့
မျက်လုံးဖွင့်ကြည့်လိုက်တော့
မရဲ့ ညဝတ်အင်္ကျီကို ပါတ်ထားတဲ့
ကြိုးလေးက ပြောလျော့နေသည့်အပြင်
မရဲ့ အနည်းငယ်ပေါ်သွားတဲ့
ရင်သားဖြူဖြူလေးကို လှစ်ခနဲ လှမ်းမြင်လိုက်ရသည်။

ကြိုးလေးပြေလျော့ရသည့် အကြောင်းအရင်းကလဲ
ခုနက Jennie.. မကို ခပ်တင်းတင်း
ဖက်လိုက်မိတာကြောင့်လဲဖြစ်မည်။

Jennie... စိတ်ထဲ ရုတ်တရက်ကြီးဆိုသလို
မရဲ့ အရာအားလုံးကို ပိုင်ဆိုင်ချင်လာမိသည်။

မနေ့ညကတည်းက မိမိရဲ့စိတ်ကို
အကြိမ်ကြိမ်တားဆီးကြည့်ထားခဲ့ပေမဲ့....

ဒီတစ်ခါတော့ စိတ်ရဲ့အလိုကို လိုက်ချင်နေမိသည်။

Jennie... မိမိရဲ့ မျက်စိရှေ့မှာမြင်နေရတဲ့
ပြေလျော့နေတဲ့ ကြိုးစလေးကို ဖြေချလိုက်ဖို့
လက်ကိုလှမ်းလိုက်သည်။

.
.
.
.
.

" Jendeukie... နင် ဒီအိမ်မှာနေရင်
ဘယ်အခန်းမှာနေမှာလဲ "

Jennie. ...မရဲ့စကားသံကြောင့်
မကို ရည်ရွယ်နေတဲ့ စိတ်တို့ လွှင့်စင်ပြေးကုန်၏။
Kim Jennie. ... အသိစိတ်လေးကပ်အုံး
ဒါမျိုးက တစ်ယောက်တည်းလုပ်လို့ရတာမဟုတ်ဘူး
နှစ်ဦးသဘောတူမှလေ....
မကရော....ကျန်တဲ့အချိန်တွေကျတော့
Jennie ဘာဖြစ်ချင်နေမှန်း အကုန်သိနေပြီး
အခုဟာကျတော့ ဘာလို့မသိရတာလဲ....

အခုလိုဖြစ်ချင်နေတာတွေက မ ကြောင့်လေ
သူ့အခန်းထဲက  Manga စာအုပ်တွေဖတ်မိပြီး
အခုလိုစိတ်တွေ ခနခနဖြစ်နေရတာ။

မဟုတ်မှ မ က မသိချင်ယောင်ဆောင်နေတာလား
အဲ့လိုလည်းမဟုတ်ဘူးထင်တယ်....

Hope Not (Completed)Where stories live. Discover now