Episode-1

17.1K 468 15
                                    

 Unicode version

Hope not

Episode-1

နံနက်ခင်းရဲ့နေရောင်ခြည်နုနုက
အခန်းတွင်းကိုဖြာကျလာသည် ...
စက္ကန့်ပိုင်းအတွင်းမှာပဲ ဖြူနုနေတဲ့
မိမိရဲ့မျက်နှာပေါ်သို့  နွေးကနဲ ....

မျက်လုံးတွေကိုအားယူဖွင့်လိုက်ပြီး
ဘေးနားက phoneလေးကိုဆွဲယူလိုက်ကာ
နာရီကိုတစ်ချက်ကြည့်လိုက်သည် ...

7:22 AM

~ Ahh...နည်းနည်းစောသေးတယ်
ထပ်ပြီးဇိမ်ယူလိုက်အုံးမယ် ...~

နူးညံ့လွန်းတဲ့သားမွှေးစောင်ကို
ဆွဲယူလိုက်ပြီး လက်ချောင်းတွေနှင့်
ပွတ်သတ်နေလိုက်သည် ...

ဒီလိုနူးညံ့တဲ့အရာတွေနဲ့  ထိတွေ့ရတာကို
သဘောကျနှစ်ခြိုက်တတ်သည်မှာ
Jennie ရဲ့အကျင့်တစ်ခုဖြစ်သည် ...

.
.
.

မိနစ်အနည်းငယ်အကြာ ...

Duu..Du....
Message vibrate အသံ

Jennie...Phone လေးကိုကောက်ကိုင်လိုက်သည်

Phoneလေးကိုကြည့်နေတဲ့ Jennieရဲ့မျက်နှာမှာ
အပြုံးတစ်ခု လှစ်ခနဲ ဖြတ်ပြေးသွားသည် ...
.
.
.
.

7:30 AM

❣Morning Honey
နိုးပြီလား ဇိမ်ယူမနေပဲထတော့နော်
Morning Kiss😘😘❣

နှစ်ပေါင်းအတော်ကြာသည်အထိ
မနက်7:30 AM တိုင်း
မပျက်မကွက် ပို့နေကျ
သူမဆီက Messageလေးတွေဖြစ်သည် ...

Jennie သူမဆီကို kiss emojiတစ်ခုပြန်ပို့ရင်း
အိပ်ယာထဖို့ပြင်လိုက်သည် ....

❣😘❣
.
.
.
.

ဒီနေ့ အလုပ်ရှိသည် ...
ထိုအလုပ်က ဒီနေ့အဖို့အိမ်ထဲမှာပဲလုပ်ရမည်
ဖြစ်တာကြောင့် ချက်ချင်းပဲပြင်ဆင်လိုက်သည် ..

.
.
.

8:30 AM

Ding...dong...

Bellအသံကြောင့်တံခါးသွားဖွင့်ပေးလိုက်တော့
အစားအသောက်တွေနှင့်အတူ
Jennie ရဲ့အလုပ်တွေကပါ
တခါတည်း အတူလိုက်လာလေသည် ....
.
.
.
.
Jennie ရဲ့အလုပ်က အစားအသောက်တွေကို
လှပစွာနဲ့ စားချင်စဖွယ်ဖြစ်အောင်ရိုက်ပေးတဲ့
Photographerပါ ....

Hope Not (Completed)Where stories live. Discover now