Cry Cry

3.2K 315 55
                                    

Zawgyi version

Hope Not

Episode - 31

Chu....အဆက်မပြတ်ခေါ်နေတဲ့ Jennie ရဲ့
အဝင်Call ကို
မျက်ရည်တွေနှင့် ထိုင်ကြည့်နေခဲ့သည်။

"Wae....ဘာလို့ အခုမှ အသဲအသန်
Ph တွေခေါ်နေရတာလဲ....Wae.....
Jen...နင်....ငါ့အပေါ် အဲ့လောက်အထိ
လုပ်ရက်မယ်လို့ မထင်ထားခဲ့ဘူး.....
ငါ့ကို ချစ်တယ်လို့ ပြောခဲ့တဲ့ အဲ့ဒီနှုတ်ခမ်းတွေနဲ့
ငါမဟုတ်တဲ့ တစ်ခြားတစ်ယောက်ကို
နမ်းနေခဲ့တာလား.....
နင် ငါ့ကို မလိုအပ်တော့ရင်လဲပြောပေါ့
ငါလမ်းခွဲပေးမှာပေါ့.....
အခုတော့ ငါမဟုတ်တဲ့ တစ်ခြားတစ်ယောက်နဲ့
.
.
.
ငါ့ရဲ့အချစ်တွေက
နင့်အတွက် မလုံလောက်ခဲ့လို့လား......
ငါ့ဘက်ကဘာတွေလိုအပ်နေခဲ့လို့လဲ..
ပြည့်စုံလုံလောက်တဲ့ချစ်ခြင်းတရားကို
ဖန်တီးပေးနိုင်တဲ့အရည်အချင်းတွေ
ငါ့မှာရှိ မနေတာများလား...
ငါ့ကိုငြီးငွေ့နေခဲ့တာလား....
ငါကတော့ နင်ပျော်ပါစေဆိုပြီး
အကြိမ်ကြိမ် နာကျင်ခဲ့ပေမဲ့
နင်ကတော့ ငါမဟုတ်တဲ့ တစ်ခြားတစ်ယောက်နဲ့
နမ်းနေခဲ့တာပေါ့
ငါကတော့ နင်ကလွဲပြီး တစ်ခြားတစ်ယောက်ကို
ချစ်နိုင်မယ် မထင်တော့ဘူး.....
ငါလေ....အဲ့လောက်ထိ နင့်ကိုချစ်တယ် Jen
.
.
.

Jen......နင် ရက်စက်လိုက်တာ....

.
.
.
.

နောက်ဆုံးတော့....ငါတို့ ပြတ်သားသင့်ပါပြီလေ..
လမ်းခွဲကြရအောင်....."

.
.
.
.
.

Jennie.....ph တွေ ဆက်တိုက်ခေါ်ကြည့်နေပေမဲ့
မက Jennie ရဲ့ ph ကိုမကိုင်.....
..သေချာပါတယ်....ခုနက Jing နဲ့ နမ်းနေတာကို
Chu တွေ့သွားလောက်တယ်....
မက Jennie ရဲ့ph ဆို ဘယ်လောက်အလုပ်ရှုပ်ရှုပ်
ဘယ်တုန်းကမှ ပြစ်မထားဘူးခဲ့....
Jennie ဘက်ကသာ မကို အကြိမ်ပေါင်းများစွာ
ပြစ်ထားဘူးခဲ့တာ....

Jennie....ရဲ့ကားလေးက မတို့ အိမ်ရှေ့အရောက်
Chaeng က မတို့ အိမ်ကနေ ထွက်အလာ....

Chaeng....ကားပေါ်ကဆင်းလာတဲ့ Jennieကို
စူးစူးရဲရဲ ကြည့်လိုက်သည်။

JiSoo. ..unnie. ...
အခုလိုဝမ်းနည်းပြီးငိုနေတာမျိုး စခင်ကတည်းက
တစ်ခါမှမမြင်ဘူးခဲ့ပေ။
Unnie. ...အခုလိုငိုလောက်ရအောင်
Jennie ဘာတွေလုပ်နေခဲ့တာလဲ....
ဘာတွေမြင်ခဲ့လို့လဲ.....
Jennie လဲ ချက်ချင်းလိုက်လာပုံထောက်ရင်
တစ်ခုခုတော့ တစ်ခုခုပဲ.....
Chaeng. ..သူတို့အတွဲကြား ဝင်မပါတော့ဘူးလို့
ဆုံးဖြတ်ထားခဲ့ပေမဲ့.....
Jisoo unnie အခုလိုဖြစ်နေတာကို
မကြည့်ရက်တာကြောင့် ဝင်ပါရတော့မည်။

Hope Not (Completed)Where stories live. Discover now