Bad Girl

4.3K 374 6
                                    

Unicode version

Hope Not

Episode - 8

" Kim Jennie "
ထပ်ပြီး အဲ့လို ခေါ်ပြန်ပြီလား

Jennie သူနားရောက်အောင်
အမြန်ဆုံးသွားလိုက်သည် ...

Kim Jennie လို့ မခေါ်ပါနဲ့လို့ပြောထားတာကို
ထပ်ပြီးခေါ်နေတာကြောင့်
ထိုနှုတ်ခမ်းတွေကို
Jennieရဲ့  နှုတ်ခမ်းတွေဖြင့်
ဖိကပ်ပြီး နမ်းပစ်လိုက်သည် .....

အခုလိုမျိုး မြင်မြင်ချင်း
နမ်းလိုက်ဖို့ မရည်ရွယ်ခဲ့ပေမဲ့

Kim Jennieလို့ သူစိမ်းဆန်ဆန်ခေါ်တာကြီးကို
မကြိုက်တာက တစ်ကြောင်း ....
မ ကို အရမ်းလွမ်းနေခဲ့တာက
တစ်ကြောင်းကြောင့်

ထိုင်ခုံပေါ်ကနေထလာပြီး
သူစိမ်းဆန်ဆန် လာပြောနေတဲ့ မ ကို
အူယားလာတာကြောင့်
မ ရဲ့ ပါးနှစ်ဖက်ကိုကိုင်လိုက်ကာ
နမ်းပစ်လိုက်သည် ...

" Ah.....လွှတ် ...."

ဒီလောက်အသံမထွက်အောင်
နမ်းနေတဲ့ကြားက တိုးတိုးလေးထွက်လာပြီး
ရုန်းနေတာကြောင့်
လက်တစ်ဖက်က မ ရဲ့ ခါးကို
တင်းကျပ်နေအောင်  ဖက်လိုက်ပြီး
ကျန်လက်တစ်ဖက်က ရုန်းပြီး
တွန်းထုတ်နေတဲ့ လက်တွေကို
ရုန်းမရအောင် ဖက်ထားလိုက်သည် ....

Jennie မ ရဲ့ အပေါ်နှုတ်ခမ်းလေးတွေကို
သိပ်ချစ်သည် .....
အရမ်းကို နူးညံ့လွန်းပြီး
မ ရဲ့ နှုတ်ခမ်းတွေက Jennieရဲ့
နှုတ်ခမ်းပါးပေါ် လာထိလိုက်ရင်ကို
သေလောက်အောင် ရင်ခုန်ပြီး
ကြိုက်လွန်းတာကြောင့်
ရုန်းနေတဲ့ကြားက မရ ရအောင်ကို
နမ်းပစ်လိုက်သည် ...

Jennie ဘက်က မရဲ့ နှုတ်ခမ်းတွေကို
လွှတ်ပေးလိုက်ဖို့ အစီအစဉ်မရှိသေးပေမဲ့
မ က သူ့ နှုတ်ခမ်းတွေကို
အနမ်းမခံပဲ တင်းတင်းစေ့ပြီး
တွန်းလွှတ်နေသည် ...

" Wae....ဘာဖြစ်နေတာလဲ
ငြိမ်ငြိမ်မနေပဲ...."

"နင် .....ရူးနေတာလား ....
ရုံးခန်းကြီးထဲမှာလေ ..."

"ရုံးခန်းထဲမှာလဲ ဘာဖြစ်လဲ
တံခါး lock ချခဲ့တယ် ....
ရုံးခန်းထဲမှာ မနမ်းချင်ရင်
တစ်နေရာ သွားမလား"...

" နင် ..."

Chu...သူ့ရဲ့စကားကြောင့်
ဘာမှတောင် ဆက်မပြောနိုင် ....
ပြောပုံကိုက သူ့ဘက်ကအသာ ....
Chu ကပဲ အနမ်းခံချင်နေသလိုလို ....

Hope Not (Completed)Where stories live. Discover now