Untitled 2014

4.8K 350 62
                                    


Zawgyi version

Hope Not

ဇာတ်သိမ်းပိုင်း

Jennie...မတို့အိမ်ကနေ ထွက်လာခဲ့ပြီးနောက်
အတွေးပေါင်းစုံနဲ့ အကြိမ်ကြိမ် စဉ်းစားခဲ့သည်။

"နင့်အနာဂါတ်မှာ ငါမပါတော့ဘူး !!"

မ ပြောခဲ့တဲ့စကား....

Jennie ရဲ့ အနာဂါတ်မှာ....
မနက်ဖြန်တွေတိုင်းမှာ မနဲ့ အတူရှိခွင့်မရတော့ဘူးပေါ့။

လူတစ်ယောက်ရဲ့ အရေးပါမှုကိုသိချင်ရင်
အဲ့ဒီလူမပါတော့မဲ့ သင့်ရဲ့အနာဂါတ်ကို
အရင်တွေးကြည့်ပါ ဆိုတဲ့စကားက
သိပ်ကို မှန်လွန်းသည်။

+Jennie...မကို တစ်ကယ်ပဲ လက်လွှတ်သင့်ပြီလား
တစ်ကယ် အဆုံးရှုံးခံနိုင်ပြီလား...
မကို လက်လွှတ်ပေးလိုက်ပြီး...
မ မဟုတ်တဲ့ တစ်ခြားတစ်ယောက်ကိုပဲ
ချစ်လိုက်ရမလား....
ဒါတော့မဖြစ်နိုင်ဘူး....
အရင်က Jennie...တစ်ခြားလူတွေကို
မ မသိအောင်တွဲခဲ့ပေမဲ့....
မ လောက် ဘယ်သူ့ကိုမှ မချစ်ခဲ့ဘူး
ဒါကတော့ သေချာနေတဲ့ မကို ချစ်တဲ့
ချစ်ခြင်းတစ်ခုပဲ....

ငါ့ကြောင့် မင်း နာကျင်ရတယ်ဆိုရင်
မကောင်းတဲ့ ငါ့ရဲ့ အကျင့်ဆိုးတွေကိုပြင်ပေးပါ့မယ်....Honey.....

ဒါပေမဲ့ ....Honey...နင်လဲငါ့ကိုချစ်နေတာပဲမလား...
ဘာမဟုတ်တဲ့ ကိစ္စလေးနဲ့ ငါ့ကို ဘာလို့
ခွင့်မလွှတ်နိုင်ရတာလဲ...

အားးး မွန်းကျပ်လိုက်တာ....

ဟိုတစ်နေ့က ကားနဲ့တိုက်လိုက်ဖို့ ကြိုးစားလိုက်တဲ့နေ့က နင်တော်တော်လန့်သွားမှာကို
သိပါတယ်....ဒါပေမဲ့ အဲ့ကောင်က
နင့်ဘေးမှာ ကပ်နေခဲ့တာကိုး....
ငါစိတ်မထိန်းနိုင်လို့ပါ....

ခန....နင်နဲ့သူက ဘာမှမှ မဟုတ်ပဲ
နင့်နားအဲ့ကောင်ရှိနေတာကိုမြင်ရရုံနဲ့
ငါဒီလောက်ထိသဝန်တိုမိသွားတယ်....

နင်....မဟုတ်တဲ့ တစ်ခြားတစ်ယောက်နဲ့
နမ်းနေတာမြင်ခဲ့တဲ့...နင်....
ဘယ်လောက်တောင်ခံရခက်ပြီး နာကျင်နေရမလဲ....

ဟုတ်ပါတယ်....ငါက နင်နဲ့ မတန်ပါဘူး...
ငါ....နင်မဟုတ်တဲ့ လူပေါင်းများစွာနဲ့
နင်မသိအောင် နမ်းဘူးတယ် အိပ်လဲ အိပ်ဘူးတယ်....
ဒါတွေကိုသာနင်သိသွားရင်....
နင်...ငါ့ကို ဘယ်လောက်တောင်များ မုန်းသွားမလဲ.....

Hope Not (Completed)Where stories live. Discover now