Kiss & Make up

5.3K 360 25
                                    

Unicode. ver

Hope Not

Episode - 22

ညနက်လာလေလေ မိုးတွေက
တစ်ဖြည်းဖြည်းပိုပြီးသည်လာလေလေ...
အအေးဓါတ်ကလဲ
ပိုပိုပြီး စိမ့်အောင်အေးလာလေသည်။

Chu မျက်ရည်အဝိုင်းသားနှင့်
Sofaပေါ်မှာတစ်ယောက်တည်း
ခွေခွေလေးအိပ်နေလိုက်သည်။

+နေနိုင်လိုက်တာ Jendeuk.....
နှစ်ခါလောက်တော့ ဟန်ဆောင်ပြီး
ခေါ်အုန်းမှပေါ့ ....
အခုတော့ တစ်ခါလေးခေါ်ပြီး
မလိုက်ဘူးဆိုတာနဲ့ ချက်ချင်း
သူ့အခန်းထဲ တန်းဝင်သွားတယ်....+

.
.
.
.
.
.
.
.
.
Jennie. ..အခန်းထဲဝင်ပြီး
မိမိခန္ဓာကိုယ်ပေါ်က Accessories တွေကို
ချွတ်ပြစ်လိုက်သည်...
မီးပိတ်လိုက်ပြီးနောက်
စောင်တစ်ထည်ကိုဆွဲယူလိုက်ကာ.....
မ ရှိရာသို့......

.
.
.
.
.
Jennie က မီးပိတ်လိုက်တာကြောင့်
တစ်အိမ်လုံး အမှောင်ကျသွားပြီး
ညမီးအချို့သာ ခပ်မှိန်မှိန်လေးလင်းနေလေသည်။

Chu Sofa ပေါ်အိပ်နေရင်း
တစ်ဖက်ကိုလှည့်လိုက်တော့
ညမီးရောင်မှိန်မှိန်ကြား Chu ဘေးနားမှာ
လာရပ်နေတဲ့ Jennie ကြောင့်
အနည်းငယ် လန့်သွားလေသည်။

"Jendeuk....ဘာလုပ်...."

Chu ရဲ့စကားတောင်မဆုံးသေး....
သူက Chu ရဲ့
လက်တစ်ဖက်ကိုဆွဲယူပြီးနောက်
ယူလာတဲ့ စောင်ကိုခြုံလိုက်ကာ
Chu လက်မောင်းပေါ်ခေါင်းအုံးရင်း
Chu ရဲ့ ရင်ခွင်ထဲခေါင်းတိုးဝင်ကာ
အိပ်နေလေတော့သည်။

"Jendeukie....ဖယ်....ကိုယ့်အခန်းထဲ
ကိုယ်သွားအိပ်လေ....
ဒီလိုတွေ မလုပ်ပါနဲ့တော့လို့
ပြောထားတယ်မလား...."

Chu. ..သူ့ကိုပြောရင်းနဲ့
ဖယ်ထုတ်နေလိုက်သည်။

"Unnie...ဒီအတိုင်းလေးအိပ်ရအောင်
ငြိမ်ငြိမ်လေးနေလို့....."

"Jendeukie....ဖယ်လို့.....
ပြောနေတာမရဘူးလား....ဖယ်....."

Chu သူ့ကို တွန်းထုတ်လေ...
သူကတိုးပြီးဖက်ထားလေ....

"Yeah...ဖယ်လို့ပြောနေတယ်လေ...
ဒီ Sofa ကျဉ်းကျဉ်းလေးမှာ...
ဘယ်လိုလုပ်နှစ်ယောက်အိပ်လို့ရမှာလဲ
ကိုယ့်အခန်းထဲ ကိုယ်သွားလို့...."

Hope Not (Completed)Where stories live. Discover now