တွေဝေမှု

3.7K 338 15
                                    

Unicode version

Hope Not

Episode - 11

Jennie မ ရဲ့ ပုခုံးသားဖြူဖြူလေးတွေကို
သွားလေးနှင့် မနာကျင်အောင်
ခပ်ဖွဖွကိုက်လိုက်တော့...

"  Ah.... ကိုက်တယ်....Waeyo "

" နာသွားလို့လား "

" နာတော့မနာပါဘူး ...
နောက်ကျတော့မယ်လေ...ဘာလို့
လူပေါ်လာမှီပြီး ဇိမ်ခံနေတာလဲ"

Jennie မထသေးပဲ မ ရဲ့ ပုခုံးပေါ်မှီပြီး
ဇိမ်ခံနေတာကြောင့် မ က သူ့ပုခုံးလေးနဲ့
တွန်းရင်းပြောနေ၏။

" ခဏ တစ်မိနစ်ပဲ"

" ငါက နင့် omma လား"

" Imm "

"Yeah..."

" တစ်မိနစ်လေးပါပဲဆို
စကားများလိုက်တာ "

မ က ခန တိတ်သွားပြီး
ခါးလေးကို လာဖက်ထား၏။

Jennie ထိုကဲ့သို့ ပြောလိုက်ရင်း
သူမရဲ့ ခါးလေးကို တိုးဖက်ထားလိုက်ပြီး
ပုခုံးကြားထဲ ခေါင်းတိုးဝင်ရင်း
ဇိမ်ယူနေလိုက်သည် ....
ရင်ခွင်နှစ်ခုကလဲနီးသထက်နီးသွားပြီး
မ ရဲ့ ကိုယ်သင်းနံ့လေးကို
အပြည့်အဝ ခံစားလိုက်သည် ....

ဘယ်သူနဲ့မှ ရင်းရင်းနှီးနှီး မနေခဲ့ဘူးတဲ့
Jennie....
အခုတော့ ...jisoo unnieနဲ့ အခုလိုနေရတာကို
သိပ် သဘောကျနေမိသည် .....

.
.
.
.
.
.
.

___________+__________+_______

အခုတလော ဘာကြောင့်မှန်းမသိ
မ နားမှာနေရင် မရဲ့ လက်ချောင်းလေးတွေ
ပုခုံးလေးတွေကိုမြင်ရင်
ကိုက်ချင်လာသည် .....

လုပ်ချင်တာရှိရင် တွေဝေမနေတဲ့
Jennie ရဲ့ အကျင့်ဆိုးလေးတွေကြောင့်
အဲ့လိုတွေကိုက်ချင်လာရင်
တွေဝေမနေပဲ ချက်ချင်းကို ကိုက်ပြစ်လိုက်သည်။

" Yeah...နင် အခုတလော ဘာဖြစ်နေတာလဲ
ခနခန လာကိုက်နေတယ်"

" ကိုက်ချင်လို့လေ "

Jennie မကို ပြုံးကြည့်ရင်း
ဖြေလိုက်တော့....မ ကလဲ  Jennieကို
ပြန်ပြုံးကြည့်ရင်း Jennieရဲ့ ပါးလေးကို
လာညှစ်လေ၏။

Jennieရဲ့ပါးကို သူများ လာကိုင်တာ မကြိုက်ပေမဲ့
မ လာကိုင်ရင်တော့ ငြိမ်ခံနေလိုက်သည် ...

Hope Not (Completed)Where stories live. Discover now