Save the Date

3.6K 339 12
                                    

Unicode version


Hope Not

Episode - 13

Jennie... မ ရဲ့ အခန်းလေးထဲ လျှောက်ကြည့်ရင်း
စာအုပ်စင်လေးနား ရောက်သွားခဲ့သည် ....

မ ဖတ်တတ်တဲ့ စာအုပ်အမျိုးအစားလေးတွေကို
ကြည့်မိတော့ သဘောကျကာ ရယ်နေမိသည်။

မ ကလေ ကလေးကျလို့
Manga တွေ Webton တွေ ဖတ်တယ်တဲ့လား။

ထို Webton စာအုပ်တွေကြားထဲကမှ
လက်လှမ်းမှီတဲ့ တစ်အုပ်ကို ယူကြည့်မိလိုက်တော့
ထိုစာအုပ်အမျိုးအစားက Yuri, Les တဲ့

Jennie တစ်ချက် မျက်ခုံးပင့်မိသွားသည်။
မ က ဒီလို စာအုပ်တွေ ဖတ်တတ်မယ်လို့ထင်မထားခဲ့
Jennie ကိုယ်တိုင်လဲ ဒီလိုစာအုပ်မျိုးတွေ
တစ်ခါမှ မဖတ်ဖူးတာကြောင့်
အနည်းငယ်တော့ အံ့သြမိသွားသည်။

" မဟုတ်မှ မ က LGBT ထောက်ခံသူများလား
ဒါဆို Jennie သာ ဖွင့်ပြောရင်
မ က လက်ခံနိုင်လောက်မလား
တစ်ကယ်လို့ လက်မခံဘူးဆိုရင်ရော"

Jennieစိတ်ထဲ အမျိုးမျိုးတွေးမိသွားသည်။

( JenSoo နှစ်ယောက်က Manga တွေ
Webton တွေ Animation တွေကို
အတူတူကြည့်ကြပါတယ်တဲ့
ဘာတွေကြည့်ကြလဲလို့ဆိုတော့ secret ပါတဲ့
အဲ့နှစ်ယောက်ကဘာလားပဲ😅😅)

"Jennie..yah........Jendeukie......
အောက်ဆင်းခဲ့ ထမင်းစားမယ်...Jendeukie"

အောက်က မ ရဲ့ ခေါ်သံကြောင့်
Jennie အတွေးတို့ လွင့်စင်သွားပြီး
အောက်ထပ်သို့ ဆင်းလာခဲ့လိုက်သည်။

ထိုနေ့က ညနေစာကို မတို့မိသားစုနှင့်အတူ
စားဖြစ်ခဲ့သည်။
နွေးထွေးလွန်းတဲ့ မ တို့ မိသားစုကြောင့်
မ ကိုရော မတို့ မိသားစုကိုပါ Jennie 
ပိုပြီး ခင်တွယ်မိသွားခဲ့လေသည်။

ည ဘက်ရောက်တော့  မ ရဲ့ အခန်းထဲမှာ
မ နဲ့အတူအိပ်ခဲ့ပြီးနောက်
နောက်ရက်မှ အဆောင်သို့ အတူပြန်လာခဲ့လိုက်သည်။

.
.
.
.
.

ဒီရက်ပိုင်းတွေအတွင်း Jennie  မကို
သေချာစေ့စေ့မကြည့်ရဲခဲ့ ....

နှုတ်ခမ်းတထော်ထော်နှင့် စကားပြောနေတဲ့
မကို ကြည့်မိလိုက်ရင် အသဲတွေယားလာကာ
တစ်စုံတစ်ရာသော စိတ်ဆန္ဒတို့က
ထကြွလာပြီး ...မ ရဲ့ ထိုနှုတ်ခမ်းတွေကို
ပိုင်ဆိုင်ထိတွေ့ချင်လာသည်။

Hope Not (Completed)Where stories live. Discover now