"ဆရာ.. မနက်စာလာပို့တာပါခင်ဗျ.. "
ကမ်းခြေဘက်ငေးနေတုန်း ရုတ်တရက်ကြားလိုက်ရတဲ့ အသံကြောင့် မကြည်မလင်လှည့်ကြည့်မိတော့ ကောင်လေးက မနက်စာဗန်းမထားရင်းက ဖော်ဖော်ရွေရွေပြုံးပြနေသည်။
အထာမနပ်လိုက်သည့်ကောင်လေး။
" အခန်းထဲ သွားပို့လိုက်.. "
" ဟုတ်ကဲ့.. "
ကောင်လေးက ဘန်ဂလိုရဲ့ ဝရံတာအတက်လှေကားမှာဖိနပ်ချွတ်ခဲ့ပြီး အခန်းဆီဝင်သွားတော့ သူလည်း နောက်ကနေ လိုက်ဝင်ပြီး တံခါးပိတ်လိုက်သည်။
"ဆရာ ဘာများလိုအပ်တာရှိသေးလဲခင်ဗျ .. "
စားပွဲပေါ်တင်တင်ပြီးချင်း အပေါက်ဝဖက်လှည့်ပြန်မည့် ဟန်ပြင်နေတာကြောင့် ပိုပြီး စိတ်မကြည်မသာဖြစ် ရသည်။
"မနူးမနပ်တွေလွှတ်လိုက်ပြန်ပြီ.. "
" ဟင်.. ဆရာ ဘာပြောတာလဲခင်ဗျ.. "
မနူးမနပ်ထက်ပိုဆိုးနေပြီ။သည်အကောင်လေးက ငအ လေး။
တံခါးချပ်ကို ကျောနဲ့အသာမှီလိုက်ပြီး သက်ပြင်းတစ်ချက်ချကာ..
" မင်း ကိုဘယ်သူလွှတ်လိုက်တာလဲ... "
"ကျနော့်ကို?? မနက်စာပို့-"
" ငါမေးနေတာကိုပဲဖြေ.. မင်းကို ဘယ်သူငါ့အခန်းထဲလွှတ်လိုက်တာလဲ.. "
အသံကျယ်ကျယ်အော်လိုက်တော့ ကောင်လေးက အထိတ်တလန့်ဖြင့် တံတွေးတွေမြိုချနေသည်။
" ကိုသူရ.. က..သူ့အစား..သွားပို့ပေးပါဆိုလို့.. ကျနော်က အလုပ်သင်ပေမယ့် အတွေ့အကြုံရှိပါတယ်ငယ်ငယ်တည်း- "
"စကားမများနဲ့.. ကုတင်ပေါ်တက်တော့.. "
"ဗျာ.. "
လူစကားနားမလည်သလိုမျိုး ကြောင်အမ်းအမ်းပြန်ကြည့်နေ သည့်ဟာလေးကို လက်ကနေဆောင့်ဆွဲပြီး ကုတင်ပေါ် တွန်းတင်လိုက်သည်။
သို့ပေမယ့် ငအလေးက ထင်တာထက် ပိုအားကြီးတာကြောင့် မွေ့ယာပေါ်လဲမသွားပဲ ထိုင်ရက်ကနေ ပြန်တွန်းထားသည်။
" ဆရာ...ဘာလုပ်နေတာလဲဟင်.. ကျနော်ပြန်-"
~ဖြောင်း~
![](https://img.wattpad.com/cover/188731140-288-k591432.jpg)
YOU ARE READING
တစ်ဦးတည်းသော [ZG+UNI]
Romance*အသက်(၁၈)နှစ်ပြည့်ပြီးသူများသာ ဖတ်ရန်* ကမ်းခြေကိုအလည်သွားရင်း မထင်မှတ်ဘဲ တွေ့ဆုံပြီး သူတို့နှစ်ယောက် တစ်ညတာအတူဖြတ်သန်းဖြစ်ခဲ့တယ်။ တစ်ညကုန်သွားပြီးပေမယ့် လက်မလွှတ်ပေးချင်တဲ့သူက ကောင်လေးကို တစ်နှစ်တိတိ သူ့ဘေးနားမှာ ရှိနေပေးနိုင်မလား ဆိုပြီး ကမ်းလှမ်းခ...