Asphodel-1

53.1K 2.1K 63
                                    

''Ahh !!!!! ကျန့်ကော !!!!
ကိုကိုရေ !!!!
ရှောင်းကျန့် Ge Ge !!!!
ဘယ်မှာလဲ !!! ကျွန်တော်ကြောက်တယ်''

ဝေလီဝေလင်းအချိန်ကြီး အခန်းထဲကနေ သူ့ကိုနာမည်ပေါင်းစုံ အော်ခေါ်နေတဲ့ အသံကြောင့် ရှောင်းကျန့် နိုးလာတယ် ။

မျက်လုံးဖွင့်လိုက်ချင်း မြင်ရတဲ့ အမှောင်ကျနေတဲ့အခန်းကြောင့် သူငေါက်ကနဲ ထထိုင်လိုက်မိတယ် ။

''မီးပျက်နေပြီ ....သေစမ်း ....''

အိပ်ရာထဲက ကမန်းကတမ်းထပြီး မျက်နှာချင်းဆိုင်အခန်းလေးဆီ ထပြေးရတယ် ။

ထင်ထားတဲ့အတိုင်း လရောင်ကြောင့်မြင်နေတဲ့ အဖြူရောင် ကုတင်ကြီးထက်မှာ တုန်ယင်နေတဲ့ကောင်လေးက ဒူးကိုလက်နဲ့ပိုက်ထားရင်းခေါင်းလေးကို လက်တွေကြားမြှုပ်နှံထားတယ်....။

ရှောင်းကျန့် ကုတင်ပေါ် တက်လိုက်ပြီး တုန်ယင်နေတဲ့ ကောင်လေးကို အသာဖက်ထားလိုက်တယ်...။

' 'ကိုကိုရှိတယ်နော် ... မကြောက်နဲ့... ကိုကိုမင်းကိုကာကွယ်ပေးမှာ ''

ကြောက်လန့်နေတဲ့ ကောင်လေးက သူ့ရင်ခွင်ထဲခေါင်းလေး ပိုတိုးဝင်လာပြီး တုန်တုန်ယင်ယင် လက်လေးတွေက သူ့ကိုမလွတ်တမ်း ဖက်တွယ်လာတယ်....။

အသက်ရှုသံတွေမြန်နေပြီး တစ်ကိုယ်လုံးတုန်ယင်နေတဲ့ သူ့ရင်ခွင်ထဲက ကောင်လေးကဘယ်လောက်ထိတ်လန့်နေလဲ သိသာတယ်...။လက်တစ်ဖက်နဲ့ ကောင်လေးရဲ့ကျောပြင်လေးကိုခပ်ဖွဖွပုတ်ပေးရင်း ... ကျန်တစ်ဖက်နဲ့ကောင်လေးကို တင်းနေအောင်ဖက်ထားပေးလိုက်တယ် ။

''ကိုကိုဒီမှာနော် ...ကိုကို ဒီမှာရှိတယ်...
ကိုကိုက မင်းကိုအမြဲကာကွယ်ပေးမှာ
မကြောက်နဲ့တော့''

ခဏအကြာမှာ ဖျက်ကနဲ မီးအလင်းရောင်နဲ့အတူ တစ်ခန်းလုံးလင်းထိန်သွားတယ်...။

အဲ့ဒီတော့မှ သူ့ရင်ခွင်ထဲခေါင်းဖွက်ထားတဲ့အကောင်ငယ်လေးက လှုပ်ရှားလာတယ်....။

'' အာ ... ကိုကို ...အိပ်ရေးပျက်ရပြန်ပြီ ။
တောင်းပန်ပါတယ် ...''

သူ့ကိုဖက်ထားတာ လွှတ်ရင်း မျက်နှာငယ်လေးနှင့် ဆိုရှာတယ် ။

𝓐𝓼𝓹𝓱𝓸𝓭𝓮𝓵Where stories live. Discover now