Asphodel-40,Finale

21.1K 1.1K 494
                                    

ရိပေါ် ပြန်နိုးလာတဲ့အချိန်မှာ သူမျက်လုံးတွေဖွင့်လိုက်ရင် အရင်က သူနဲ့ကိုကို့ရဲ့တိုက်ခန်းလေးထဲပြန်ရောက်နေပြီး ကိုကိုကနွေးထွေးတဲ့အပြုံးလေးနဲ့ "ကလေးလေး အိပ်မက်ဆိုးတွေမက်ပြန်ပြီလား" ဆိုပြီး သူ့ကို ပွေ့ဖက်နှစ်သိမ့်ပေးလိမ့်မယ်လို့ အရူးတစ်ယောက်လိုမျှော်လင့်နေရင်း မျက်လုံးတွေ အတင်းပိတ်ထားမိတယ်...။

"ကလေးလေး နိုးရင်လည်း ထတော့ကွာ" ဆိုပြီး ကိုကိုများ လာနှိုးဦးမလား...။
စမ်းလိုက်ရင်လည်း ဘေးမှာ ကိုကို့ကိုယ်နွေးနွေးလေးကို စမ်းမိနိုင်ဖို့ မျှော်လင့်နေမိသေးတယ်....။

ဒါပေမယ့် ဘေးကိုစမ်းလိုက်တော့ အေးစက်စက်အိပ်ရာခင်းကို စမ်းမိတယ်....။
အမှန်တရားတွေဟာ ခါးသက်ပါတယ်....။

ကိုကိုမရှိဘူး....။
ကိုကို သူ့ကို လာမနှိုးတော့ပါဘူး...။

မျက်စိဖွင့်ကြည့်တဲ့အခါ ဆေးရုံအခန်းရဲ့ မျက်နှာကြတ်ဖြူဖြူက ဆီးကြိုနေတယ်.....။

မျက်ဝန်းထောင့်က မျက်ရည်ပူတွေ ကျလာပြန်တယ်...။
ဒါဟာ အိပ်မက်ဆိုးတစ်ခုမဟုတ်ခဲ့ဘူး...။
ကိုကို သူ့ကို တကယ်ထားခဲ့တာ...။

ချစ်ရတဲ့သူ လောကကြီးမှာ မရှိတော့ဘူးဆိုတဲ့ အမှန်တရားကို အခုထိသူလက်မခံချင်သေးဘူး...။

လက်ပေါ်က ဆေးပိုက်နဲ့ အပ်ကိုဆွဲဖြုတ်ပြီး ယိုင်တိုင်တိုင်နဲ့ဆေးရုံအောက်ထပ်ကို ပြန်ဆင်းလာတဲ့အခါ အရေးပေါ်လှေကားဘက်ကနေ ကျိုးချန်ကောနဲ့ ဟောက်ရွှမ်းကောရဲ့အသံကို ကြားလိုက်တာကြောင့် သူသွားကြည့်လိုက်တယ်....။
ကောတို့နှစ်ယောက်က စုံထောက်တစ်ယောက်နဲ့ စကားပြောနေတာ....။

"ကျွန်တော်တို့ စုံစမ်းသိရှိရသလောက်ကတော့ Potassium  ကိုသုံးပြီး သတ်တာပါ...။
ရှောင်းကျန့်က သတိထားမိပြီး ချက်ချင်းအပ်ကိုဖယ်ခဲ့ပေမယ့် ပမာဏအနည်းငယ်တော့ဝင်သွားပုံရတယ်...။
သာမန်လူဆို အဲ့လောက်ပမာဏကဘာမှမဖြစ်နိုင်ပေမယ့် သရက်ရွက်ဖယ်ထားလို့ နဂိုထက်အားနည်းနေတဲ့အပြင် သူ့ရောဂါကြောင့်လည်း ထိခိုက်လွယ်နေတဲ့အချိန်ဆိုတော့ အဲ့လောက်ပမာဏလေးကြောင့်လည်း နှလုံးရပ်သွားတာ..."

𝓐𝓼𝓹𝓱𝓸𝓭𝓮𝓵Where stories live. Discover now