Asphodel-5

11.9K 1.2K 46
                                    

၆ နှစ်ကြာပြီးနောက် .........

ဝမ် ကော်ပိုရေးရှင်းရဲ့ CEO က ရှောင်းလုပ်ငန်းစုနဲ့ ရင်းနှီးမြှုပ်နှံမှု စာချုပ်ချုပ်ဖို့ ကိုယ်တိုင်လာမှာဖြစ်လို့ သတင်းထောက်တွေ စာချုပ်ချုပ်ဆိုမယ့် ဟိုတယ်ရှေ့ပြည့်ကြပ်နေတယ်။

ဝမ်ကော်ပိုရေးရှင်းက လန်ဒန်အခြေစိုက်
ကမ္ဘာ့ဆင့်မှီ လုပ်ငန်းစုကြီးတစ်ခု....
တရုတ်ကိုခြေဆန့်လာတာ ၃နှစ်ပဲ ရှိသေးပေမယ့် ကားထုတ်လုပ်ရေး ၊ ဆောက်လုပ်ရေး ၊ သင်္ဘောကျင်းလုပ်ငန်း ၊ဟိုတယ်လုပ်ငန်းစတဲ့ နိုင်ငံရဲ့စီးပွားရေး 40 % ကိုချုပ်ကိုင်ထားပြီးပြီ ။

ဝမ်ကော်ပိုရေးရှင်း တရုတ်ရုံးခွဲရဲ့ CEO ဟာလူငယ်လေးလို့ ကြားရတယ်။ သူတာဝန်ယူခဲ့တဲ့ ၃နှစ်အတွင်းမှာ ရှယ်ယာဈေးတွေ တရိပ်ရိပ်မြင့်တက်လာခဲ့ပြီး အခုလက်ရှိ ဝမ်ကော်ပိုရေးရှင်းရဲ့ အောင်မြင်မှုတွေဟာ သူ့စွမ်းဆောင်မှုတွေချည်းပါပဲ။ ဒီထူးချွန်ထက်မြက်လှတဲ့ လူငယ်လေးကို လုပ်ငန်းရှင်အများစုက သမက်တော်လိုကြတယ် ။

ဒီသုံးနှစ်အတွင်းမှာ CEO ၀မ်က တစ်ခါလေးမှ လူလုံးထွက်မပြခဲ့ဖူးဘူး ။ အသက်ငယ်ငယ်လေးနဲ့လုပ်ငန်းစုကြီးကို ဦးဆောင်နေတဲ့ လျှို့ဝှက်ပြီး ထူးချွန်ထက်မြက်တဲ့ ဒီလူငယ်လေးက မီဒီယာအများစုရဲ့ ပစ်မှတ်.....။

ရှောင်းလုပ်ငန်းစုနဲ့ ရင်းနှီးမြှုပ်နှံမှုစာချုပ်ချုပ်တဲ့ ပွဲက သူပထမဆုံး လူကြားထဲထွက်လာတဲ့ ပွဲဖြစ်လို့ သတင်းသမားများစွာက ဟိုတယ်ရှေ့မှာ ခြေချင်းလိမ်နေကြတာ....။

ရှောင်းလုပ်ငန်းစုရဲ့ကိုယ်စားလှယ် .၀မ်ကျိုးချန်အထဲဝင်သွားပြီး သိပ်မကြာခင်မှာ ဟိုတယ်ရှေ့ကို အနက်ရောင် Rolls Royce Sweptail တစ်စီးက ငြိမ့်ခနဲလာရပ်တယ် ။

ဒေါ်လာ 13 မီလီယံတန်တဲ့ Sweptail ကို မြင်တာနဲ့ သတင်းသမားတွေရဲ့ ကင်မရာ ရိုက်ခတ်သံတစ်ချပ်ချပ်က ဆူညံသွားတယ်။ Sweptail ကိုစီးနိုင်တဲ့လုပ်ငန်းရှင် ဘယ်နှစ်ယောက်များ တရုတ်မှာရှိလို့လဲ။ ဒါ CEO ၀မ်ကလွဲရင် ဘယ်သူဖြစ်နိုင်ပါ့မလဲ။

ကင်မရာရိုက်သံ တချပ်ချပ်ကြားမှာပဲ အနက်ရောင်အနောက်တိုင်းဝတ်စုံနဲ့ လူတစ်ယောက်က ကားထဲက ထွက်လာတယ်။

𝓐𝓼𝓹𝓱𝓸𝓭𝓮𝓵Where stories live. Discover now