Asphodel-6

11.8K 1.2K 58
                                    

တက္ကသိုလ်ဆေးရုံကို ရောက်တာနဲ့ ဆေးရုံအုပ်ကြီးဆီ သတင်းပို့ဖို့ ရှောင်းကျန့်တစ်ယောက် ဆေးရုံထဲ ဝင်သွားတယ်။

ကျိုးချန်ကတော့ မေးမြန်းချင်တာတွေကို မြိုသိပ်ရင်း ကားပေါ်မှာ ကျန်နေခဲ့တယ်။

ကောချန်က နိုးလာတာနဲ့ အရောင်တလက်လက် မျက်လုံးတွေနဲ့ ကျိုးချန်ကို မေးလာတယ်။

" ဦးက Dr.sean... နဲ့ သိတာလား"

"အင်း ဟုတ်တယ် ဦးတို့က ငယ်သူငယ်ချင်းတွေ ဒါနဲ့သူ့ကို မင်းက ဘယ်လိုသိတာလဲ"

" ဦးကို ကျွန်တော် အရင်က ပြောပြဖူးတယ်လေ။ ယူနီဆပ်ဖ်မှာ ကျွန်တော်သိပ်ကို လေးစားအားကျရတဲ့ ဆရာဝန်တစ်ယောက်ရှိတယ်လို့လေ။ အဲ့ဒီဆရာဝန်က Dr.Sean ပဲ။
သူက ကမ္ဘာ့အကောင်းဆုံးဆေးတက္ကသိုလ်တွေထဲက တစ်ခုဖြစ်တဲ့ UCL က ဘွဲ့ရထားတာ။ ဘွဲ့ရပြီး သိပ်မကြာခင်ပဲ ယူနီဆပ်ဖ်နဲ့လိုက်ပြီး စေတနာ့ဝန်ထမ်းသွားလုပ်တယ်။
ဘယ်လိုဖြစ်သွားတာလဲတော့ မသိဘူး။
အကြမ်းဖက်အဖွဲ့တစ်ဖွဲ့က ဓားစာခံအဖြစ်ဖမ်းတဲ့အထဲပါသွားပြီး အီရန် အီရတ်ဘက်ပါသွားတယ်လေ ။ စစ်ဖြစ်နေတဲ့ကြား ရောက်သွားတာ"

" ဘာ !"

ကျိုးချန်သွေးတက်ချင်သွားတယ်....။

"သူ့ကို ဓားစာခံအဖြစ်ဖမ်းသွားပေမယ့်လည်း ဒေါက်တာက ဆရာဝန်ကျင့်ဝတ်နဲ့ သိပ်ကို ညီတဲ့သူပါ။ သူက လူဆိုးလူကောင်းမရွေး လူနာမှန်သမျှ ကုသပေးပါမယ်လို့ ကျမ်းသစ္စာကျိန်ဖူးတဲ့အတိုင်း စစ်ဖြစ်တဲ့နေရာမှာ ဘယ်သူထိခိုက်လာသည်ဖြစ်စေ သူကုသပေးတယ် ။

စစ်မြေပြင်လိုနေရာမျိုးမှာ ဆရာဝန်တွေက သိပ်ကိုအဖိုးတန်တယ်မလား ။ ဒီတော့ဓားစာခံအဖြစ် ဖမ်းခံရတဲ့ တခြားလူတွေ အကုန် သိပ်မကြာခင်မှာ လွတ်လာပေမယ့် ဒေါက်တာ့ကိုတော့ မလွှတ်ပေးခဲ့ကြဘူး ။ ဒါပေမယ့် ဒေါက်တာကလည်း အပြစ်မတင်ပါဘူး ။ ရန်သူဖြစ်စေ ၊လူဆိုးဖြစ်စေ သူလူမရွေးပဲ ကုသပေးဆဲပဲ။

အဲဒီမှာအဖမ်းခံတာ ၃နှစ်လောက်ကြာပြီး သူ့ကို အမေရိကန်တပ်က လာကယ်တော့ သူလွတ်လာတယ် ။ ချက်ချင်းပြန်လာလည်းရပေမယ့် ဒဏ်ရာရခဲ့တဲ့ စစ်သားတွေအတွက် ဆရာဝန်မရှိလို့ သူကျည်ဆံတွေကြားက စစ်မြေပြင်မှာပဲ ဆက်နေခဲ့တာ ။

𝓐𝓼𝓹𝓱𝓸𝓭𝓮𝓵Where stories live. Discover now