Asphodel-26

8K 897 177
                                    

စိတ်ထဲ လုံးဝဘ၀င်မကျနေတာတစ်ခုကို အတည်ပြုဖို့ ရိပေါ် ရှောင်းကော်ပိုရေးရှင်းကို ရောက်လာခဲ့တာ...။
ကိုကိုသူ့အတွက် ဘာလုပ်ပေးလိုက်တာလဲ သူသိရမှဖြစ်မယ်...။

ကိုကိုက သူ့အတွက် လုပ်ပေးတာတွေ သိပ်များနေပြီ။ ကိုကို သူ့ရာထူးအတွက် တစ်ခုခုပေးဆပ်ထားရတယ်ဆိုရင် ဘာနည်းသုံးရရ ကိုကိုပေးဆပ်ထားရသမျှ သူပြန်ယူပေးမယ်။ သူက ကိုကို့ကာကွယ်မှုအောက်မှာပဲ တစ်သက်လုံးနေနေမယ့် ပျော့ညံ့ညံ့လူသား မဟုတ်ဘူး။

ဒါရိုက်တာကျင်းဖန်းရဲ့ရုံးခန်းက ၉လွှာမှာရှိတာကြောင့် ရိပေါ် ဓာတ်လှေကားနဲ့ တက်လာခဲ့လိုက်တယ်။
ဒါဟာသူ ရှောင်းကော်ပိုရေးရှင်းကို ပထမဆုံးအကြိမ် ခြေချမိခြင်းပဲ...။ မှန်သားချည်း ပြုလုပ်ထားတဲ့ ဓာတ်လှေကားကြောင့် အလွှာတိုင်းမှာ အလုပ်လုပ်နေတဲ့ ၀န်ထမ်းများစွာကို သူမြင်ရတယ်။ ထိပ်တန်းလုပ်ငန်းစုကြီးဆိုတဲ့အတိုင်း အဆောက်အဦးရဲ့ အထပ်တိုင်းဟာလည်း သပ်ရပ်တောက်ပြောင်နေတာပဲ....။

ဒီလိုခမ်းနားကြီးကျယ်ပြီး မက်မောစရာကောင်းတဲ့ ရှောင်းကော်ပိုရေးရှင်းကို ကိုကိုက  သူ့ကို ကာကွယ်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုတည်းနဲ့  လွန်ခဲ့တဲ့ ၆နှစ်ကတည်းက စွန့်လွှတ်ခဲ့တယ်တဲ့...။

ကိုကို သူ့ကိုဘယ်အတိုင်းအတာထိ ချစ်တာလည်းဆိုတာ သိလာရလေလေ ရင်ထဲမွန်းကြပ်လာရလေလေပါပဲ။
ဘာလို့များ ဒီလောက်အထိချစ်နိုင်ရတာလဲ။သူက ကိုကိုဒီလောက်ထိပေးဆပ်ပြီး ချစ်ဖို့ထိုက်တန်ပါရဲ့လား...။

ယွီပင်းဆီက ဖုန်းလာလို့ဖုန်းပြောလိုက်ပြီး ၉လွှာမှာ ဓာတ်လှေကားက ရပ်သွားတော့ ဓာတ်လှေကားထဲက ထွက်လိုက်တယ်။ ဒီတစ်ထပ်လုံးမှာ ဒါရိုက်တာတွေရဲ့ ရုံးခန်းတွေပဲရှိတာကြောင့် ဒါရိုက်တာကျင်းဖန်းရဲ့ရုံးခန်းကို သူခဏနဲ့တွေ့တယ်။ ရုံးခန်းရှေ့က စားပွဲမှာတော့ ဘယ်သူမှ ရှိမနေ။ အတွင်းရေးမှူးက တစ်နေရာရာသွားနေပုံရတယ်...။

မယဉ်ကျေးမှန်းသိပေမယ့် အကြောင်းကြားပေးမယ့် အတွင်းရေးမှူးမလေးပြန်လာတဲ့အထိ မစောင့်နိုင်တာကြောင့် ဒီအတိုင်းပဲဖွင့်ဝင်လိုက်တယ်။

𝓐𝓼𝓹𝓱𝓸𝓭𝓮𝓵Where stories live. Discover now