Asphodel-16

11K 1K 66
                                    

ခရီးကပြန်လာပြီးကတည်းက ရိပေါ်တစ်ယောက် ၀မ်တောက်တဲ့ဘွဲ့ကိုပြန်ရသွားတယ်။

ခရီးကပြန်လာပြီးတဲ့ ဒီတစ်ပါတ်လုံးမှာ ရိပေါ်ရဲ့နေ့တိုင်းဟာ... မနက်မိုးလင်းတာနဲ့အဒေါ်ကြီးကိုကူပြီး မနက်စာပြင်နေတဲ့ ရှောင်းကျန့်ကို နောက်ကသိုင်းဖက်ထားရင်း လိုက်ကပ်နေရာကနေစတင်ပြီး ညဆိုခေါင်းအုံးတစ်လုံးပိုက် အခန်းကူးလို့ ဖန်ရှင်းလေးနဲ့နေရာလုရင်း အဆုံးသတ်တတ်တယ်...။

ရိပေါ်က ရှောင်းကျန့်ကို ဆေးရုံကို အမြဲအပို့အကြို ကိုယ်တိုင်လုပ်ပြီး ကုမ္မဏီအလုပ်တွေနဲ့ မအားနိုင်အောင် အလုပ်များနေတဲ့ကြားကလည်း ရအောင်အချိန်လုပြီး ဆေးရုံကိုရောက်အောင်သွားတတ်တယ်..။ အလုပ်ရှုပ်နေရင် နေ့လည်စာမစားပဲ အငတ်နေတတ်တဲ့ သူ့ရဲ့ဒေါက်တာရှောင်းကျန့်ကို နေ့လည်စာရအောင် ကျွေးဖို့က သူ့ရဲ့အရေးကြီးဆုံးတာဝန်...။

ဂျူတီတွေဆက်နေလို့ ရှောင်းကျန့်ပင်ပန်းပြီးနှာခေါင်းသွေးလျှံပြီးကတည်းက ရှောင်းကျန့် နည်းနည်းပင်ပန်းပြီထင်တာနဲ့.... ရိပေါ်က ဆေးရုံအုပ်ကိုပါ ပြဿနာရှာတတ်တယ်။ ဆေးရုံက လူအများစုကတောင် ရိပေါ်ကို ရှောင်းကျန့်ရဲ့လက်ထပ်ပြီးခါစသည်းသည်းလှုပ်နေတဲ့ ခင်ပွန်းအသစ်စက်စက်လေးလို့ထင်နေကြပြီ...။

________________________________________

သူ့ရင်ခွင်ထဲက နွေးထွေးတဲ့ကိုယ်လေးမရှိတော့တာကို ခံစားမိတာမို့ ရိပေါ်အိပ်ရာကနိုးလာတယ်..။ မနေ့က ဖန်ရှင်းလေးက သူ့အမေဆေးရုံဆင်းပြီမို့ သူ့အမေဆီပြန်သွားလို့ သူကိုကို့အနား ထင်သလိုကပ်လို့ရနေတယ်..။ မနေ့ညကလည်း ကိုကို့ကို ရင်ခွင်ထဲဆွဲသွင်းပြီး အိပ်ရာဝင်ခွင့်ရတယ်..။

အခု ဖက်အိပ်စရာလူလည်း ထသွားပြီဆိုတော့.... သူ့မှာ ဆက်အိပ်နေဖို့အကြောင်းမရှိတော့တာမို့ ထပြီး ရေချိုးခန်းထဲဝင်လာလိုက်တယ်။ သူ့သွားတိုက်တံကို သွားတိုက်ဆေး အသင့်ထည့်ပေးပြီးတာကိုတွေ့ရတော့ သူပြုံးမိသေးတယ်။ ကိုကိုက သူ့ကို ကလေးလို သတ်မှတ်ထားတုန်း ထင်ပါရဲ့။ နေ့တိုင်းပဲ ဒီလိုသွားတိုက်ဆေးထည့်ပြီး တင်ပေးထားတတ်တယ်။

𝓐𝓼𝓹𝓱𝓸𝓭𝓮𝓵Where stories live. Discover now