Asphodel-12

11.3K 1.1K 97
                                    


ရှောင်းကျန့် ဆေးရုံကပြန်လာတော့ ညနေ ၆နာရီထိုးနေပြီ ။ ရွှမ်းလုကျဲက အကူအညီတောင်းလို့ ဖန်ရှင်းလေးကို သူနဲ့အတူခေါ်လာခဲ့တယ် ။
ဖန်ရှင်းလေးအမေက ဆေးရုံတက်နေရပြီး အဖေဖြစ်သူက နိုင်ငံခြားရောက်နေလို့ ကလေးကိုကြည့်ပေးမယ့် သူမရှိ၊ ကျဲက နယူးယောက်ကို ပြန်မှာမို့ ကလေးကို စောင့်ရှောက်ပေးဖို့ အဆင်မပြေတာကြောင့် သူ့ကို အကူညီတောင်းလာတယ် ။ သူကလည်း ကလေးချစ်တတ်တာမို့ ခဏလောက်စောင့်ရှောက်ပေးထားဖို့ သူ့အတွက်ဘာအခက်အခဲမှ မရှိ...။

ဒီလိုနဲ့ ... ဖန်ရှင်းလေးကို လက်ဆွဲပြီး အိမ်ပြန်လာခဲ့တယ် ။ ရိပေါ်က တော့ပြန်မရောက်သေး ။
အဒေါ်ကြီးနဲ့အိမ်တော်ထိန်းကြီးက စကားသိပ်တတ်တဲ့ ဖန်ရှင်းလေးကို သဲသဲလှုပ်နေကြတယ် ။ ညနေစာစားတော့လည်း ပြာယာခတ်နေအောင် လုပ်ပေးကြပြီး လက်ထဲကကိုမချ ။ ဒါကြောင့် ဖန်ရှင်းလေးကို အိမ်တော်ထိန်းကြီးဆီအပ်ပြီး ရေသွားချိုးလိုက်တယ်...။

သူရေချိုးအ၀တ်စားလဲပြီး အောက်ဆင်းလာတော့ လှေကားရင်းမှာတင် ဧည့်ခန်းထဲက ကလေးပိစိလေးရဲ့ ရယ်သံခိုးခိုးခစ်ခစ်ကိုကြားရတယ် ။ ဧည့်ခန်းထဲ ၀င်သွားတော့ သူလည်း ထိန်းထားတဲ့ကြားက မနေနိုင်ရယ်မိသွားတယ် ။

" ခွီး...!!"

ကလေးထိန်းရင်း ဆိုဖာပေါ်အိပ်ပျော်နေတဲ့ အိမ်တော်ထိန်းကြီးမျက်နှာမှာ ကာလာစုံမှင်တွေနဲ့ အရောင်ပေါင်းစုံ ဗွက်ပေါက်နေတယ် ။မျက်လုံးတွေကို အနီကွင်းတွေကွင်းထားပြီး ပါးပေါ်မှာလည်း ပန်းအဝါတွေလျှောက်ဆွဲထားသေးတယ် ။ နှာခေါင်းမှာလည်း အစိမ်းရောင်မှိုကြီးဆွဲထားတယ် ။ ပါးစပ်ကလည်း မှင်အနက်နဲ့ ကွင်းခံထားရတယ် ။ သူ့အဖြစ်သူ သိပုံမရတဲ့ အိမ်တော်ထိန်းကြီးကတော့ ဟောက်တောင်နေသေးတယ် ။

အိမ်တော်ထိန်းကြီးမျက်နှာကို ကလိလို့အားရသွားတော့ ဖန်ရှင်းလေးက ရောင်စုံတွေချပြီး ဟိုဒီ လျှောက်ကြည့်နေတယ်။ ဧည့်ခန်းအ၀မှာ တခွီးခွီးရယ်နေတဲ့ သူ့ကိုမြင်တော့ မျက်နှာလေးက ၀င်းပသွားပြီးသူ့ဆီပြေးချလာတယ်။ သူ့ခြေထောက်ကိုဖက်တွယ်ပြီးတော့ မျက်လုံးရွဲကြီးတွေနဲ့ မော့ကြည့်လာတယ်....။

𝓐𝓼𝓹𝓱𝓸𝓭𝓮𝓵Where stories live. Discover now