Asphodel-7

11.4K 1.3K 62
                                    

ရှောင်းကျန့် အိပ်ရာကနိုးတော့ ကျိုးချန်က အလုပ်သွားခဲ့ပြီ ။

ကျိုးချန် ငှားထားတဲ့ ထမင်းချက်အဒေါ်ကြီးကသူ့ ကိုမနက်စာပြင်ပေးတယ် ။
မနက်စာစားပြီးတာနဲ့ သူအဝတ်လဲပြီးထွက်လာခဲ့လိုက်တယ် ။ ဒီနေ့က ဆေးရုံမှာအလုပ်စဆင်းရမယ့် ပထမရက်ဆိုတော့ နောက်ကျလို့မဖြစ်... ။

ကားလည်း မမောင်းချင် ၊ တက္ကစီနဲ့လည်းမသွားချင် ၊ ဘတ်စ်ကားစီးဖို့လည်း စိတ်မပါတာကြောင့် ကျိုးချန်ရဲ့စက်ဘီးကိုဆွဲပြီးထွက်လာခဲ့လိုက်တယ် ။ဆေးရုံနဲ့ကလည်း သိပ်မဝေးတဲ့အပြင် လေ့ကျင့်ခန်းလုပ်ပြီးသားလည်း ဖြစ်တယ်လေ။

တီရှပ်အဖြူပေါ်မှာ အပေါ်ထပ်အပြာနုရောင်ပါးပါးလေးနဲ့လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါးဝတ်ဆင်ထားပြီး စက်ဘီးလေးနဲ့သွားနေတဲ့ ရှောင်းကျန့်က တက္ကသိုလ်ဆေးရုံက၂၈နှစ်အရွယ် ပါရဂူတစ်ယောက်လို့ ထင်လောက်စရာမရှိ...။

စက်ဘီးစီးရင်း ပျော်နေတဲ့ကောင်လေးကို မီးပွိုင့်မှာမီးနီမိနေတဲ့ Rolls Royce Wraith ကားပေါ်က လူတစ်ယောက်ကတော့ တမေ့တမောလိုက်ငေးကြည့်နေတယ်။

" ချစ်ဖို့ကောင်းလိုက်တာ "

_________________________________

ရှောင်းကျန့် ဆေးရုံရောက်ရောက်ချင်းပဲ ခရီးသည်အပြည့်နဲ့ ဘတ်စ်ကားတိမ်းမှောက်လို့ ဆရာဝန်တောင်မလောက်အောင် လူနာတွေများနေကြောင်းကြားရတယ်...။
ဒါကြောင့် သူဘယ်သူ့ကိုမှလည်း သတင်းမပို့နိုင် ။ ဂျူတီကုတ်တောင် မဝတ်ရသေးပဲ ER ဘက်ပြေးလာမိတော့ စောင့်ကြိုနေတာက
အီရန်စစ်မြေပြင်ထက်တောင် ဆိုးဝါးတဲ့ ပရမ်းပတာဖြစ်မှုတွေ....။

ER မှာ တာဝန်ကျနေတဲ့ဆရာဝန်တွေက ကုတင်တွေကြား ဟိုဟိုသည်သည် ပြေးလွှားကုသနေရတာလက်မလည် ။ ပြင်ပဆရာဝန်လေးတွေကလည်း တာဝန်ခံတွေနဲ့မခြားအလုပ်များပြားနေကြသလို အလုပ်သင်လေးတွေလည်းတတ်နိုင်သလောက်ကူညီပေးရင်း ဗျာများနေကြတယ်။

ရှုပ်ယှက်ခတ် အလုပ်များနေကြတဲ့ကြားမှာ အကူအညီတောင်းလိုတဲ့ မျက်လုံးတွေနဲ့ဟိုသည် လိုက်ကြည့်နေတဲ့ ကောချန်ကိုတွေ့လိုက်ရတယ်။
ထိုကောင်လေးက သူ့ကိုမြင်တာနဲ့ မှောက်လဲမတတ်အားကိုးတကြီးပြေးလာတယ်။

𝓐𝓼𝓹𝓱𝓸𝓭𝓮𝓵Where stories live. Discover now