Asphodel-13

11.5K 1.2K 120
                                    

အစည်းအဝေးခန်းထဲထိုင်နေပေမယ့် ရိပေါ်အာရုံက ထုတ်ကုန်အသစ်အကြောင်းသေချာရှင်းပြနေတဲ့ မန်နေဂျာချုပ်ဆီမှာမရှိ...။ ဖုန်းကိုငေးကြည့်ရင်း လေရှည်လွန်းသည့် မန်နေဂျာချုပ်ကိုသာစိတ်ထဲကကျိန်ဆဲနေမိတယ် ။ သူဖုန်းထိုင်မျှော်နေတာ။ ရှောင်းကျန့်နောက် နောက်ယောင်ခံလိုက်ခိုင်းထားတဲ့ ကိုယ်ရံတော်ဆီကဖုန်းကို သူမျှော်နေတာ...။

မနက်က အဲ့ဒီယုန်ပေါက်က ခရီးဆောင်အိတ်တစ်လုံးနဲ့ ကလေးပေါက်စတစ်ကောင်လက်ဆွဲပြီးထွက်သွားတယ်...။ ဘယ်သွားမယ်လဲ ပြောမသွားဘူး။ ဒါကြောင့် သူ့မှာ ညားခါစမယားလေးစိတ်ဆိုးပြီး အိမ်ပေါ်ကဆင်းသွားလို့ နေမရထိုင်မရနဲ့ဖုန်းတမျှော်မျှော်ဖြစ်နေရတဲ့ လင်ကြီးလို....။

သူဒီတစ်ပါတ်လုံးအရမ်းအလုပ်များတယ်...။ သူ့ကုမ္မဏီက အလုပ်တွေတင်မကဘူး သူကလွဲရင် လူတိုင်းအပေါ် သဘောကောင်းပြီး ဖော်ရွေလွန်းနေတဲ့ သူ့ရဲ့ပါရဂူလေးကို စုံစမ်းထောက်လှမ်းနေရတဲ့အလုပ်လည်း ရှိတယ် ။ ညတိုင်း သူ့လူကြီးရဲ့ရင်ခွင်ထဲ ၀င်အိပ်နေတဲ့ ဟိုကလေးစုတ်လေးဖန်ရှင်းကို ဆွဲထုတ်ပြီး ဖက်လုံးနဲ့လိုက်ခြားရတာလည်း သူ့နေ့စဉ်တာဝန် တခု....။ အဲ့ဒီကလေးစုတ်လေးကိုပဲ ဂရုစိုက်နေလို့ ကလေးနဲ့အပြိုင် သ၀န်တိုနေရပြီး အဲ့ကလေးစုတ်လေးနဲ့ နေ့တိုင်းမျက်လုံးချင်းစစ်တိုက်ရတာလည်း....သူ့သမိုင်းပေးဝတ္တရား...။

'ဦးဦး ဦးဦး'နဲ့ သူတောင် မနမ်းရတဲ့ကိုကို့ပါးလေးတွေကို တရွှတ်ရွှတ်နဲ့အားတိုင်းနမ်းနေတော့တာပဲ...။ ရိပေါ် ဘယ်လိုခံစားနေရလဲဆိုရင် သူသိပ်ကြိုက်တဲ့ဟင်းပွဲကို သူတောင်မထိရသေးခင် နှိုက်မြည်းသွားခံရသလိုပဲ။ တစ်နေ့တစ်နေ့ အဲ့ကလေးစုတ်နဲ့သ၀န်တိုပြီး စိတ်တိုလိုက် ၊ သူနောက်ယောင်ခံခိုင်းထားတဲ့ ကိုယ်ရံတော်ကို အဲ့ဒီလူကြီးဘာလုပ်နေလဲ...ငါးမိနစ်ခြားတစ်ခါ ဖုန်းဆက်မေးလိုက်နဲ့ အလုပ်ထဲစိတ်မ၀င်စားတဲ့သူ့ကို အကိုဟောက်ရွှမ်း ကပြောတယ် ။ " ၀မ်ရိပေါ် တော်တော်ဖြစ်နေတာပဲ" တဲ့...။

ဖြစ်မှာပေါ့...။ အဲ့ဒီဆရာဝန်လူဆိုးကြီးက ဟိုတစ်ပါတ်က သူ့ကိုဆွဲနမ်းပြီး ရူးခါနေအောင်ရောဂါပေးသွားတယ် ။ လုပ်ချင်ရာလုပ်ပြီး တာဝန်မယူပဲ နောက်နေ့ကျ တကယ်ကြီး သူ့ကိုဂရုမစိုက်ပဲနေတော့တာပဲ...။

𝓐𝓼𝓹𝓱𝓸𝓭𝓮𝓵Where stories live. Discover now