Asphodel-9

11.4K 1.3K 74
                                    


ရှောင်းကျန့် ကြမ်းပြင်မှာ ငုတ်တုတ်အိပ်ပျော်သွားပြီး သူနိုးလာတော့ ညနေတောင်စောင်းခါနီးနေပြီ...။
သူထိုင်နေရာကထပြီး အခန်းကိုလှည့်ပတ်ကြည့်လိုက်တယ် ။
အခန်းထဲက အရာအားလုံးဟာ....
သူထွက်သွားခါစကအတိုင်း နည်းနည်းလေးတောင် အရာမယွင်းရှိနေတယ် ။ နေ့တိုင်းသန့်ရှင်းရေးလုပ်ပေးထားမှန်းသိသာလှစွာ ဖုန်တင်နေတဲ့ နေရာလုံးဝမရှိ ။ သူ့ပစ္စည်းမှန်သမျှဟာလည်း
ဘယ်ဟာမှ စွန့်ပစ်ခံခဲ့ရပုံမပေါ် ။

စာကြည့်စားပွဲပေါ်မှာ သူထားခဲ့တဲ့ စာလေးကတောင် ဒီအတိုင်းရှိနေသေးတယ် ။
အဲ့ဒီတုန်းက သူသတ္တိမရှိခဲ့လို့ ပြီးအောင်မရေးဖြစ်ခဲ့တဲ့ စာကြောင်းလေးဟာလည်း သူရေးထားခဲ့စဉ်ကအတိုင်း ပြီးပြည့်စုံမှုမရှိ ။
အခုတော့... သူပြန်လာပြီမို့ စာကြောင်းကလေးလည်း ပြီးပြည့်စုံသင့်ပြီ...။

မရေးတာကြာပြီမို့ထင်တယ် ။
ဘောလ်ပင်န်က မှင်တော်တော်နဲ့မထွက် ။
စာလေးနှစ်လုံးလောက်ဖြည့်ဖို့ကို ဘောလ်ပင်န်ကို ၁၅မိနစ်လောက် ခါလိုက်ရတယ် ။
အင်းလေ...လွန်ခဲ့တဲ့ ၆နှစ်ကဘောလ်ပင်န်ပဲ...မှင်ထွက်တာတောင်ကံကောင်းလှပြီ ။

နေ့လည်က အော်ပရေးရှင်းဝင်ရင်း နေ့လည်စာလွတ်ထားတာမို့ အစာအိမ်ကစဆန္ဒပြလာတယ်...။ ဒါကြောင့် စားစရာရှာဖို့ အခန်းထဲကထွက်ခဲ့လိုက်တယ် ။

စားပွဲမှာကျန်နေခဲ့တဲ့ စာရွက်လေးပေါ်မှာတော့ စာကြောင်းကလေးတစ်ကြောင်း....။
အခုတော့ပြီးပြည့်စုံသွားပြီ ။

//Goodbye...Take care....I'm sorry,I love you//

ရိပေါ်အခန်းကိုကြည့်မိတော့ အခန်းကငြိမ်သက်နေတယ် ။ ရိပေါ် မရှိဘူးထင်ပါရဲ့...။

အောက်ထပ်က မီးဖိုဆောင်ထဲဆင်းလာတော့ အဒေါ်ကြီးတစ်ယောက်က ဟိုဟင်းအိုးလေးပြေးမွှေ ဒီဟင်းအိုးလေးပြေးမွှေနဲ့ အလုပ်များနေတယ် ။
အရင်ကရှိခဲ့တဲ့ အစေခံများစွာကို ရိပေါ်ထုတ်ပစ်လိုက်ပြီထင်တယ် ။
ရောက်ခါစကလည်း အိမ်တော်ထိန်းကြီးတစ်ဦးတည်းပဲ သူတွေ့မိတယ် ။

အဒေါ်ကြီးနဲ့စကားပြောဖြစ်တော့ အဒေါ်ကြီးကတောင် ရိပေါ်အိမ်ပြန်လာတဲ့ အချိန်မျိုးမှာပဲ အလုပ်လာလုပ်ရတယ်တဲ့ ။ ရိပေါ်က အများအားဖြင့် ကုမ္မဏီမှာပဲနေပြီး အိမ်တော်ကိုသိပ်ပြန်မလာတတ်ကြောင်း ပြန်လာရင်တောင် ဘာမှမစားပဲ မြေအောက်ခန်းထဲဆင်းပြီး ဝိုင်တွေပဲသောက်နေတတ်ကြောင်းလည်း သိရတယ် ။

𝓐𝓼𝓹𝓱𝓸𝓭𝓮𝓵Where stories live. Discover now