Asphodel-10

11.8K 1.2K 64
                                    

ရှောင်းကျန့် နိုးလာတော့ သူ့ဘေးကကောင်လေး မရှိတော့ ။ အရင်ထသွားပြီထင်ရဲ့။
သူ့ဖုန်းက မနက် ၅ခွဲ နှိုးစက်ပေးထားတာကို ဘာကြောင့် သူမကြားမိပါလိမ့်...?

မြည်နေရဲ့သားနဲ့ သူမထလို့ ရိပေါ်များပိတ်ပေးသွားတာလား ။ ဖုန်းကလေးကို ကောက်ဖွင့်ကြည့်လိုက်တော့ ဖုန်းရဲ့ Lockscreen က သူနဲ့မိန်းကလေးတစ်ယောက်ရဲ့ Selfie ပုံလေးကလွဲရင် ဘာ Noti မှ ရှိမနေ ။ ကြည့်ရတာ သူနှိုးစက်မပေးခဲ့မိဘူး ထင်တယ် ။

ရေမိုးချိုးအ၀တ်အစားလဲပြီး မနက်စာပြင်ဖို့
သူအောက်ထပ်ကိုဆင်းလာလိုက်တယ် ။ ဒါပေမယ့် အဒေါ်ကြီးက မနက်စာပြင်ထားနှင့်ပြီးသား ။

" ဒေါ်ကြီး...ရိပေါ်ရော စားပြီးပြီလား ။
သူမစားရသေးရင် ကျွန်တော်သူ့ကို စောင့်လိုက်ဦးမယ်လေ..."

" သခင်လေးက ဆင်းမလာသေးဘူး ။ သခင်လေးက မစားလောက်တာမို့ ရှောင်းသခင်လေးပဲ စားနှင့်လိုက်ပါ "

" သူကအဲလို မနက်စာမစားပဲသွားနေကျလား "

" ဟုတ်တယ် ။ သခင်လေးက အမြဲတမ်းမနက်စာမစားပဲ အလုပ်သွားတာ ။ သူ့ကို အစာအိမ်ထိမှာစိုးလို့ စားသွားပါလို့ ဒေါ်ကြီးရော အိမ်တော်ထိန်းကြီးရော ဝိုင်းပြောကြတာပဲ ။
နားမထောင်ပါဘူး သခင်လေးရယ်"

သက်ပြင်းငွေ့ငွေ့ချရင်း....ဒေါ်ကြီးက စိတ်မကောင်းသလိုပြန်ဖြေတယ် ။
အဒေါ်ကြီး ပြန်ဖြေတာကို နားထောင်နေတုန်း ၀တ်စုံပြည့်နဲ့ ရိပေါ်က လှေကားပေါ်ကနေဆင်းလာပြီး အိမ်တော်ထိန်းကြီးလည်း နောက်ကလိုက်ပါလာတာကို သူလှမ်းမြင်လိုက်တယ် ။

" ဒေါ်ကြီး...ရိပေါ်အတွက် မနက်စာပြင်ထားလိုက်ပါ ။ ကျွန်တော်သူ့ကို ရအောင်စားခိုင်းမယ်"

ဒေါ်ကြီးက၀မ်းသာသွားပြီး မီးဖိုခန်းထဲကို ဝဖိုင့်ဖိုင့်ကိုယ်လုံးကြီး လှုပ်ပဲ့လှုပ်ပဲ့နဲ့ ခပ်သုတ်သုတ်ပြေးသွားပြီး ရိပေါ်အတွက် မနက်စာသွားပြင်တော့တယ်...။

ကားသော့ဆွဲပြီး အောက်ထပ်ဆင်းလာတဲ့ ရိပေါ်ကို လှေကားရင်းကနေ သူတားလိုက်တော့ မျက်မှောင်ကြီးကုတ်လျက် စိုက်ကြည့်ခံလိုက်ရတယ်....။

𝓐𝓼𝓹𝓱𝓸𝓭𝓮𝓵Where stories live. Discover now