Asphodel-3

13.7K 1.3K 21
                                    


ရှောင်းကျန့် ရေချိုးအဝတ်အစားလဲပြီးတာနဲ့ တဘက်တစ်ထည်ယူပြီး အခန်းထဲက ထွက်လာလိုက်တယ် ။
ဦးလေးကျိုးဆီက ကော်ဖီပူပူတစ်ခွက်လည်း
ဆင်းယူလိုက်တယ်။

ရိပေါ်အခန်းက ရေကန်ကို အပေါ်စီးကမြင်ရတဲ့
ဝရံတာ ခပ်ကျယ်ကျယ်ပါတယ်။
ရိပေါ် ရေချိုးအဝတ်လဲပြီးတာနဲ့ ၀ရံတာမှာရှိတဲ့ ဆိုဖာပေါ်ထိုင်ရင်း ပတ်ဝန်းကျင်အလှကို
ငေးနေလိုက်တယ်။

မိုးရေစက်ကလေးတွေက ကန်ရေပြင်ထက်မှာ ရေပွက်ကလေးတွေ ဖြစ်ပေါ်နေစေတယ်။
သဘာဝအတိုင်း ပေါက်ရောက်နေတဲ့ ကြာပန်းရောင်စုံကလည်း ကန်ထဲမှာအပြည့် ။
တကယ့်ကို ပြီးပြည့်စုံတဲ့ သဘာဝပန်းချီကားလေး တစ်ချပ်ပါပဲ.....။

" ရိပေါ် ... မိုးက မနက်ဖြန်ထိရပ်မှာမဟုတ်ဘူးတဲ့... ကိုကိုတို့ ဒီညဒီမှာပဲအိပ်ရမယ်ထင်တယ်...
ကိုကို ဝမ်အိမ်တော်ထိန်းကြီးဆီတော့ ဖုန်းဆက်ထားတယ်"

အသံကြားလို့ ကြည့်လိုက်တော့ အဖြူရောင် ဟူဒီလေးနဲ့ ကိုကိုက တဘက်တစ်ထည်ကို လည်ပင်းမှာပတ်လို့ ကော်ဖီခွက်တစ်ခွက်ကို ကိုင်ရင်း သူ့ဘေးနားမှာရပ်နေတယ် ။
အခုမှ ရေချိုးပြီးလာပုံရတယ် ။

"ညီ ...နွေးသွားအောင် ကော်ဖီသောက်လိုက်...ခဏနေရင် ညနေစာစားရမှာ သိပ်တော့မသောက်နဲ့"

ကော်ဖီခွက်ကို လက်ထဲကမ်းပေးရင်း ကိုကိုက သူ့ဘေးဝင်ထိုင်တယ်။

"ဒီတစ်ခါတော့ ဆံပင်ခြောက်အောင်သုတ်ထားသားပဲ ခြင်္သေ့ပေါက်လေးလိမ္မာလာပြီ"

ဆွယ်တာအဖြူရောင်အထပ်ထပ်ထဲ နစ်နေတဲ့ ကောင်လေးကို သူ့ထုံးစံအတိုင်း ဆံပင်ကို ဆွဲဖွဖြစ်အောင် ဖွလိုက်တယ်။
ကော်ဖီခွက်ကို ကိုင်ထားတဲ့ ကောင်လေးလက်တွေကိုကြည့်မိတော့ လက်သည်းတွေရှည်နေပြန်ပြီ။

"အာ...ခြင်္သေ့ပေါက်လေး လက်သည်းတွေရှည်နေပြီ။ ခဏစောင့်ဦး ! ကိုကိုလက်သည်းညှပ်သွားယူလိုက်ဦးမယ်"

ခဏအကြာမှာ ကိုကိုက လက်သည်းညှပ်တစ်ခုနဲ့ ပြန်ရောက်လာတယ်။
ရိပေါ်လက်သည်းတွေရှည်လာတိုင်း ကိုကိုက
သူကိုယ်တိုင်ပဲ အမြဲညှပ်ပေးတတ်တယ်။
တစ်ခါက သူ့ဖာသာညှပ်ခိုင်းတာ လျှပ်ပြာပြာနဲ့ အသားတွေပါ ညှပ်မိလို့လေ ။

𝓐𝓼𝓹𝓱𝓸𝓭𝓮𝓵Where stories live. Discover now