Asphodel-11

11.3K 1.1K 94
                                    


ရှောင်းကျန့် မနက်ရောက်စကတည်းက
အရေးပေါ် Case တွေနဲ့ အော်ပရေးရှင်း နှစ်ခုဆက်တိုက်ဝင်လိုက်ရတယ် ။ သူရုံးခန်းဆီပြန်ရောက်လာတော့ ၁နာရီထိုးနေပြီ ။ နေ့လည်စာလွတ်သွားလို့ အစာအိမ်က ဆန္ဒပြလာတယ် ။ အရေးပေါ်လူနာလည်းမရှိတာမို့ ဂျူတီကုတ်ကိုချွတ်ပြီး နေ့လည်စာသွားစားဖို့ ထွက်လာလိုက်တယ် ။

ER ရှေ့ကိုဖြတ်မိတော့ ထိုင်ခုံတစ်ခုံပေါ်မှာ တအီအီငိုနေတဲ့ ၆ နှစ်အရွယ်ကလေးတစ်ယောက်ကိုတွေ့ရတယ် ။ နဂိုကတည်းက ကလေးချစ်တတ်တဲ့သူဆိုတော့ ကလေးလေးဆီကို ချက်ချင်းအာရုံရောက်သွားတယ်...။ ကလေးက ပါးဖောင်းဖောင်းလေးတွေနဲ့ ရိပေါ် ငယ်ငယ်ကနဲ့သိပ်ဆင်တယ် ။ ငယ်ငယ်က ရိပေါ်အကြောင်းကို တွေးမိတော့ သူပြုံးမိသွားသေးတယ် ။

ကိစ္စသေးသေးမွှားမွှားလေး တိုက်ဆိုင်ရင်တောင် ပြေးသတိရတတ်တဲ့အထိ ၀မ်ရိပေါ်ဆိုတဲ့ကောင်လေးက သူ့စိတ်ထဲ အမြဲရှိနေခဲ့တာ....။
ချစ်တယ်လို့.... ပြောခွင့်မရှိတောင် လွမ်းခွင့်တော့
ရှိတယ်မဟုတ်လား....။

တအီအီငိုနေတဲ့ ကောင်လေးရှေ့ ဒူးတစ်ဖက်ထောက်ထိုင်ရင်း လက်သေးသေးကို ဆွဲယူပြီး အိတ်ကပ်ထဲပါလာတဲ့ ချိုချဉ်လေးတစ်လုံးကို
ထည့်ပေးလိုက်တယ် ။

" အချိုစားတာက ၀မ်းနည်းနေတာတွေကို ပြေပျောက်စေတယ်တဲ့ "

သူ့အသံကြားတော့ ငိုနေတဲ့ကောင်လေးက ခေါင်းမော့ကြည့်လာတယ် ။ နှာခေါင်းလုံးလုံးလေးက ရဲနေပြီး မျက်တောင်ထိပ်တွေမှာ မျက်ရည်စတွေက ဝေ့သီနေတယ် ။ မျက်လုံးလေးတွေက ချိုချဉ်ကိုစားချင်သလိုကြည့်နေပေမယ့် မစားသေးဘူး....။

" မေမေကပြောတယ် သူစိမ်းတွေပေးတာမစားရဘူးတဲ့ "

ရှောင်းကျန့် ရယ်ချင်ပက်ကျိဖြစ်သွားတယ်...။စားချင်နေရဲ့သားနဲ့မူနေလိုက်တာ....။ ရိပေါ်လည်း ငယ်ငယ်က သူမုန့်တွေ ယူသွားပေးရင် ဒီစကားမျိုးပြောတတ်တယ် ။ လေကြီးလေကျယ်တွေသာ ပြောတာ ပြီးရင်လည်း စားတာပါပဲ ။

" ဦးက ဒီဆေးရုံကဆရာဝန်ပါကွ ။ မင်းကို မုန့်နဲ့မျှားပြီး ပြန်ပေးဆွဲမယ့် ပြန်ပေးသမားလူဆိုးကြီး ပုံပေါက်နေလို့လား....။ ယူပါကွာ ။ မင်းမေမေ မသိလောက်..."

𝓐𝓼𝓹𝓱𝓸𝓭𝓮𝓵Where stories live. Discover now