Asphodel-20

9.5K 1K 103
                                    


ဆေးရုံကိုရောက်လာတော့ ဦးလေးဟိုင်ခွမ်း နောက်ကိုပြေးလိုက်နေတဲ့ ရိပေါ်ခြေလှမ်းတွေက စိတ်စောနေခဲ့တယ်။

အခုချိန် သူ့ခေါင်းထဲမှာရှိတာက ကိုကို့ကိုတွေ့ချင်တာပါပဲ။ ဘယ်နှစ်လွှာမှမတက်ရပေမယ့် သူ့စိတ်ထဲမှာ သွားရတာဝေးလွန်းနေသလို ဓာတ်လှေကားကလည်း သိပ်ကြာနေသလိုခံစားနေရတယ်။

နောက်ဆုံးတော့ ဆေးရုံအခန်းတစ်ခန်းအရှေ့မှာ ဦးလေးဟိုက်ခွမ်းက ရပ်သွားတယ်။

"သူအထဲမှာ ရိပေါ်...သူမင်းကို စောင့်နေခဲ့တာ..."

တုန်ယင်မှုကို ထိန်းချုပ်ရင်း ရိပေါ် တံခါးကို အသာလျှောဖွင့်ပြီး ၀င်လိုက်တော့ နှာခေါင်းထဲပထမဆုံးဝင်လာတာက ပြင်းထန်လှတဲ့ ပိုးသတ်ဆေးနံ့....။

နောက်တော့ သူ့မြင်ကွင်းထဲဝင်လာတာက ခုတင်ထက်မှာဖြူဖျော့စွာလှဲလျောင်းနေတဲ့ သူ့အသက်...။

သေမင်းကို အန်တုဖက်ပြိုင်နေရတဲ့ ကိုကို့ကို ထောက်ပံ့ပေးနေတဲ့ စက်ကိရိယာပေါင်းစုံစီက တတီတီမြည်သံက အခန်းထဲမှာ သူကြားနိုင်တဲ့တစ်ခုတည်းသောအသံ....။
Drip ပုလင်းနဲ့ ချိတ်ဆက်ထားတဲ့ပိုက်တွေက ကိုကို့လက်ဖမိုးဖြူဖြူတွေထက်မှာ အပ်တစ်ချောင်းနဲ့အတူ တွဲဆက်ထားလျက်....။
အောက်စီဂျင် Mask အောက်မှာ ခက်ခက်ခဲခဲအသက်ရှူနေရတဲ့ မျက်နှာလေးက သွေးဆုတ်ဖြူလျော်လို့ နှုတ်ခမ်းပါးတွေလည်း သွေးရောင်မရှိ ခြောက်သွေ့လို့။

အဲ့ဒီလိုပုံစံနဲ့ ဖျော့တော့အားနည်းလှတဲ့ သူ့ကမ္ဘာကြီးကို ပြန်တွေ့ပြီးတဲ့နောက်မှာ ရိပေါ်ရင်ဘတ်ထဲက နာကျင်မှုက တဆစ်ဆစ်တိုးတယ်။
မကြည့်ရက်လွန်းလို့ ရင်ထဲဆို့ကြပ်အသက်ရှူရခက်လာတယ်။

သူကုတင်ဘေးကို အသက်မဲ့နေတဲ့ စက်ရုပ်တစ်ရုပ်လိုရွေ့လျားသွားတယ်။

ကိုကို. . . ကျွန်တော် တောင်းပန်ပါတယ်။ ကိုကိုက ကျွန်တော့်ဘ၀ကို လုံခြုံအောင် အရာအားလုံးပေးဆပ်ပြီးကာကွယ်ပေးခဲ့သလောက်
ကိုကိုကကျွန်တော့်ကို ကိုကို့ဘ၀ထက်တောင်တန်ဖိုးထားခဲ့သလောက် ကျွန်တော်က ဘာမှလုပ်မပေးနိုင်ခဲ့တဲ့ကောင်....။
ကိုကို့အချစ်တွေကို မမြင်နိုင်လောက်အောင် ကန်းနေခဲ့တဲ့ကောင်....။
အမြဲတမ်း ကျွန်တော်အရွယ်ရောက်လာရင် ကိုကို့ကို ကာကွယ်ပေးမှာလို့ ကြီးကြီးကျယ်ကျယ်ဆိုခဲ့ပြီး ကိုကိုကပဲ အမြဲတမ်းကာကွယ်ပေးခဲ့ရတဲ့ အသုံးမကျတဲ့ကောင်.....။
အဲ့ဒီလို အမြဲအသုံးမကျနေခဲ့လို့ ကျွန်တော်တောင်းပန်ပါတယ်....။

𝓐𝓼𝓹𝓱𝓸𝓭𝓮𝓵Waar verhalen tot leven komen. Ontdek het nu