Asphodel - 8

11.6K 1.2K 70
                                    


နှစ်ယောက်သား ဘယ်လောက်ကြာတဲ့အထိ အချင်းချင်းစိုက်ကြည့်နေမိတယ် မသိ ။
ရှောင်းကျန့်နောက်လိုက်ရတဲ့ ဆရာဝန်ငယ်လေးတွေပါ ထူးဆန်းလာတဲ့အထိ သူတို့ မျက်လုံးချင်းဆုံလျက်ရှိနေဆဲ .....။

" ကော.....ကျန့်ကော "

ကောချန် ခေါ်သံကြားမှ ရှောင်းကျန့်က ကျောက်ရုပ်တစ်ရုပ်ပမာ နင့်နင့်နဲနဲငေးစိုက်ကြည့်နေခြင်းကနေ သတိဝင်လာတယ် ။

" ကောချန်.... CT နဲ့ MRI result တွေ ကောရုံးခန်းထဲပို့ထားပေး.... ကော Round မလှည့်နိုင်တော့ဘူး ။ ပြီးတော့ ဌာနမှူးကိုပြောပေးပါဦး.... ကောမှာ
အရမ်းအရေးကြီးတဲ့ ကိစ္စရှိလို့အပြင် သွားတယ်လို့ "

" ဟုတ်... သိပြီ ကော "

ဂျူတီကုတ်ကို ချွတ်ရင်း ကောချန်ကိုမှာလိုက်တယ် ။ အလုပ်စဝင်ဝင်ချင်း အလုပ်ကလစ်ထွက်လာတာတော့ မကောင်းပေမယ့် ရိပေါ်က သူ့အတွက်တော့ အရင်ကတည်းက အရာရာထက် အရေးပါခဲ့တယ် ။ အခုထိလည်း အရေးပါနေဆဲပါပဲ ။

သူသိပ်မြတ်နိုးဖူးတဲ့ ယုန်သွားလေးတွေပေါ်တဲ့အထိ အပြုံးလှလှလေးပြုံးပြရင်း သူ့ရှေ့ကိုလျှောက်လာတဲ့ အဲ့ဒီလူကို ရိပေါ် ပြောစရာစကားမဲ့စွာ ငေးမောနေမိတယ် ။

ဘယ်လောက်ပဲ မုန်းတယ်ဆိုစေဦးတော့ ဒီလူကိုပြန်တွေ့ရတော့ လွမ်းဆွတ်သလိုလို ပျော်ရွှင်သလိုလို ဘယ်လိုဖော်ပြရမှန်းမသိတဲ့ ခံစားချက်တွေက ရင်ထဲပြည့်လျှံလာတယ် ။

ကျွန်တော်က ခင်ဗျားကိုပဲ ရွေးချယ်ချင်ပြန်တယ် ။
ခင်ဗျားမပါတဲ့နေ့ရက်တွေက
ခြောက်ကပ်ကပ်နာကျင်စရာ နေ့စွဲတွေဆိုတာ
သိခဲ့ရတဲ့နောက်
ခင်ဗျားအနားနေရင်း နာကျင်ရတာ
ကံကောင်းမှုတစ်ခုပဲဖြစ်မယ်ဆိုတာ သဘောပေါက်ခဲ့ပြီ ။

ကျွန်တော်ခင်ဗျားကို နောက်တစ်ခါ လက်လွတ်ခံမှာမဟုတ်ဘူး ။

ပြိုလဲခဲ့ရခြင်းတွေ အဆုံးမှာတော့ .....
စောင့်မျှော်သူက ပြန်လာခဲ့ပါတယ် ။

အေးစက်စက်ဆောင်းညတွေရဲ့အဆုံးမှာတော့
လှပတဲ့နွေဦးလေး ရောက်လာတတ်ပါတယ်...။

ကျွန်တော့်ရဲ့နွေဦးလေးကတော့ နှုတ်ခမ်းပါးအောက်မှာ မှဲ့နက်ကလေးနဲ့....။

𝓐𝓼𝓹𝓱𝓸𝓭𝓮𝓵Where stories live. Discover now