Asphodel-32

7.1K 751 101
                                    

ရိပေါ် အိမ်ပြန်လာတော့ ဧည့်ခန်းထဲမှာ ထိုင်နေတဲ့ အဖေဖြစ်သူနဲ့ တွေ့တယ်။

သူ့အဖေရှေ့မှာ ထိုင်နေတဲ့ ခပ်ချောချောမိန်းကလေးကိုမြင်တော့ သူ့မျက်နှာက အလိုလိုမှုန်မှိုင်းသွားရတယ်...။

အဲ့ဒီမိန်းကလေးဟာ ကိုကိုမရှိတဲ့ဒီ၆နှစ်အတွင်းမှာ ခင်မင်မှုနဲ့ ချဉ်းကပ်လာပြီး နောက်ပိုင်းမှာသူ့ကိုနည်းမျိုးစုံနဲ့ ရယူဖို့ကြိုးစားလို့ သူနဲ့ပြဿနာတက်ဖူးတဲ့ မိန်းကလေးပဲ...။

အဖေက ဘာမှများများစားစား မပြောပါဘူး။ကိုကိုနဲ့ပတ်သတ်မှုအကြောင်း သူဖွင့်ပြောတာကိုလည်း ဘာမှသိပ်အံ့သြသွားပုံမရဘူး။
ကြိုသိပြီးသားလိုမျိုး...။

"ရိပေါ်....မင်းကငါ့သား....
ငါတို့မိသားစုရဲ့ တစ်ဦးတည်းသောဆက်ခံသူ....မင်းအားကျန့်ကို ချစ်လို့ရတယ်...ဒါပေမယ့် လက်ထပ်လို့မရဘူး"

အေးဆေးတည်ငြိမ်နေတဲ့လေသံနဲ့ အဖေ့အပြောကို သူလည်းအေးအေးပဲပြန်ဖြေလိုက်တယ်။

"ကျွန်တော့်ကို တစ်သက်လုံးပစ်ထားပြီး ကုမ္မဏီကပဲ ပိုအရေးကြီးနေတာမဟုတ်ဘူးလား။အခုကျမှ ကျွန်တော် ဘယ်သူနဲ့လက်ထပ်လဲ စိတ်ဝင်စားမနေပါနဲ့.....။
ပြီးတော့ ကျွန်တော်ကလည်း ပြတ်အောင်ပြောမယ်...ကျွန်တော်က ကိုကို့ကလွဲရင်ဘယ်သူ့ကိုမှလက်မထပ်ဘူး....။
အဲ့ဒါအတွက်အဖေ့ဆီက ခွင့်ပြုချက်တောင်းနေတာမဟုတ်သလို ခွင့်ပြုချက်လည်း မလိုဘူး။ကျွန်တော်က အဖေတို့သားဖြစ်နေတဲ့အတွက် သိသင့်တယ်ထင်လို့ အသိပေးတာ...."

အဖေက သက်ပြင်းငွေ့ငွေ့ချတယ်...။

" ကုမ္မဏီက ဟိုတစ်လောကပြဿနာအကြီးကြီးတက်သွားတယ်။
အမှုဆောင်ဒါရိုက်တာက ကုမ္မဏီရဲ့ ဘဏ္ဍာငွေတွေကိုအလွဲသုံးစားလုပ်ပြီး ဂျပန်ဘက်ထွက်ပြေးသွားတာ....။ရုတ်တရတ် တက်လာတဲ့ ပြဿနာအတွက် အဖေတို့မှာ ရှင်းဖို့နည်းလမ်းမရှိခဲ့ဘူး။ဒါကြောင့် ဒါရိုက်တာချုပ် Angelica ဆီက အပေးအယူတစ်ခုနဲ့အကူအညီယူခဲ့ရတယ်"

"အပေးအယူ...?
အဖေ့ကုမ္မဏီအတွက် ကျွန်တော့်ကို Angelicaဆီရောင်းစားလိုက်တယ်လို့ပဲ တည့်တည့်ပြောပါ"

𝓐𝓼𝓹𝓱𝓸𝓭𝓮𝓵Where stories live. Discover now