Asphodel-17

9.2K 1K 77
                                    

တစ်နေ့လည်လုံး အစည်းအဝေးထိုင်ကြပြီး နောက်ဆုံးမှာအစားထိုးဖို့ကုန်ကြမ်းကို ဆုံးဖြတ်ချက်ချလိုက်နိုင်တယ်။အစည်းအဝေးပြီးတော့ ၅နာရီခွဲနေပြီမို့ ရုံးဆင်းပြီးဆေးရုံကိုပြေးလာလိုက်တယ်။မနေ့ကတောင် နှာခေါင်းသွေးလျှံထားသေးတဲ့ အလုပ်သရဲလေးဒေါက်တာရှောင်းကို ရိပေါ်စိတ်ပူတယ်။ဒီနေ့လည်း အလုပ်တွေအလွန်အကျွံလုပ်နေရင် ဘယ်လိုလုပ်မလဲ။

ဆေးရုံရဲ့မြေအောက်ထပ်ကားပါကင်မှာ ကားထိုးနေတုန်း အနက်ရောင်ပြောင်လက်နေတဲ့ Audi ကားတစ်စီးဝင်လာတာကို ရိပေါ်တွ့လိုက်ရတယ်။ဘာရယ်မဟုတ် ဒီအတိုင်းကြည့်လိုက်မိပေမယ့် ကားပေါ်ကပြာယီးပြာယာဆင်းလာပြီး ဆေးရုံထဲမှောက်လဲ မတတ်ပြေးဝင်သွားတဲ့လူကြောင့် ရိပေါ် အလိုလိုမျက်မှောင်ကျုံ့မိသွားတယ်။

တစ်နေ့လည်လုံး operation ၀င်ရမယ်ဆိုတဲ့ ကိုကိုက ဘာကြောင့်အပြင်ကိုရောက်နေတာလဲ??။

ကိုကိုဆင်းပြီးတာနဲ့ ပြန်ထွက်သွားတဲ့ကားထဲလှမ်းကြည့်လိုက်တော့ ခပ်ချောချော အမျိုးသမီးတစ်ယောက်ကို လှမ်းတွေ့လိုက်ရတယ်။အဲ့ဒီအမျိုးသမီးကိုရင်းနှီးသလိုရှိပေမယ့် ဘယ်မှာမြင်ဖူးလဲဆိုတာ ရုတ်တရတ် စဉ်းစားမရ။

မေးခွန်းပေါင်းများစွာနဲ့ ဆေးရုံထဲဝင်လာတော့ ကောချန်နဲ့ စကားပြောနေတဲ့ ကိုကို့ကို တွေ့လိုက်ရတယ်။ဂျူတီကုတ်ကို ပြန်ထပ်ဝတ်ထားပြီး အေးအေးဆေးဆေးမတ်တပ်ရပ်နေပုံက သူဘယ်တုန်းကမှအပြင်မသွားခဲ့ဖူးပုံပေါက်နေတယ်။ရိပေါ်သာ အစောက ကိုကိုအပြင်က ပြန်လာတာမမြင်ခဲ့ဖူးဆိုရင် ကိုကိုဆေးရုံမှာရှိနေခဲ့တယ်ပဲ ထင်မိမှာ။

"ကိုကို..."

"ရိပေါ်...ရောက်လာပြီလား"

အပြုံးလေးနဲ့ဆီးကြိုမေးတဲ့ ကိုကိုက သူ့ဖာသာ အသက်ရှူသံတွေ အနည်းငယ်မြန်နေတာကိုတောင် သတိထားမိပုံမရ။

"ကိုကို operation ဘယ်လိုလဲ။အဆင်ပြေလား"

"အင်း..ပြေတယ်...ပြန်ရအောင်လေ"

လိမ်တယ်!!
ကိုကို ကျွန်တော့်ကို လိမ်တယ်!!
ကိုကို operation မ၀င်ဘဲ အပြင်ရောက်နေခဲ့တာကို ဘာကြောင့်လိမ်နေရတာလဲ။
ကိုကိုဘာတွေလုပ်နေတာလဲ။
အဲ့ဒီအမျိုးသမီးကဘယ်သူလဲ။

𝓐𝓼𝓹𝓱𝓸𝓭𝓮𝓵Where stories live. Discover now