Asphodel-2

18.2K 1.4K 88
                                    

ရိပေါ် လက်ဖြူဖြူသွယ်သွယ်လေးတွေက
ရှောင်းကျန့်နဖူးက ဒဏ်ရာကို ဆေးထည့်ပေးရင်း အလုပ်များနေတယ်.....။

"ကျွန်တော်အသုံးမကျလို့ ကိုကိုဒဏ်ရာရတာ..."

ပြောရင်းဆိုရင်း ဖြူဥဥမျက်နှာလေးထက်မျက်ရည်များ တလိမ့်လိမ့်ကျဆင်းလာတော့ရှောင်းကျန့်မှာ ခြေမကိုင်မိ လက်မကိုင်မိနဲ့ တသိမ့်သိမ့်ငိုရှိုက်နေတဲ့ ကောင်လေးကို ချော့ရပြန်တယ်။

ငယ်ငယ်ကတည်းက ဒီကလေးငိုမှာကို သူသိပ်ကြောက်တာ။ အထူးသဖြင့် ဒီကောင်လေး သူ့ကြောင့်ငိုရမှာကို သူအကြောက်ဆုံးပဲ.......။

"ရိပေါ်...မငိုရဘူးလေ။
ဒါညီ့အမှားမှမဟုတ်တာ။ ကိုကို့အမှား...ကိုကိုဂရုမစိုက်မိလို့ဖြစ်တာ။ ကိုကိုဘာမှလည်းသိပ်မဖြစ်ပါဘူး။သိပ်လည်းမနာပါဘူး။
အာ့ယား...မငိုပါနဲ့တော့ကွာ...ဟောက်ရွှမ်း...ဘေးမှာပဲ ရပ်မနေစမ်းပါနဲ့...ရိပေါ်ကိုကူချော့ဦး"

ဘေးမှာအခန့်သားရပ်နေတဲ့ ဟောက်ရွှမ်းကို စစ်ကူတောင်းမိတော့ သကောင့်သားက မကူတဲ့ အပြင် ထပါထွက်သွားလေရဲ့။မှတ်ထား...မင်းအလှည့်ကျ တွေ့မယ်!!

"ဘယ်သူ့ကြောင့် ငိုတာမလို့လဲ။
မင်းဘာသာချော့။ ငါ ကလေးကို တစ်ယောက်တည်းထားခဲ့ရတာ စိတ်မချဘူး။ သွားပြီ "

အကျိုးနည်းအားကိုးရမှုကြီး....။
ကိုယ့်မှာ သူငယ်ချင်းဆိုလို့လည်း လင်မရသေးတဲ့ အဒေါ်အပျိုသိုးကြီးလို ပျစ်တောက်ပျစ်တောက် ဓာတ်ပြားဟောင်းကြီးပဲ ဖွင့်တတ်တဲ့ကျိုးချန်နဲ့ သူ့ကလေးကိုပဲ ကမ္ဘာထင်တဲ့ အချစ်ရူးကောင် ဟောက်ရွှမ်းရယ်ပဲ ရှိတော့လည်း
ခံရမပေါ့....။

"မငိုနဲ့တော့လေနော်။
မျက်လုံးတွေရဲနေပြီညီရဲ့။ ကိုကိုကတိပေးတယ်။ နောက်မဖြစ်စေရဘူး။ ညီငိုတာ ကိုကို့နဖူးကွဲတာထက် အများကြီး ကိုကိုပိုနာတယ်ကောင်လေးရဲ့"

ရိပေါ်က မျက်ရည်စတွေ တွဲခိုနေတဲ့ မျက်လုံးလေးတွေနဲ့ မော့ကြည့်လာတယ်။

"တကယ်နောက်မဖြစ်စေရဘူးနော်..."

ကျွန်တော် ကိုကိုဒဏ်ရာရတာ နာကျင်တာ လုံးဝမကြိုက်ဘူး.......။

𝓐𝓼𝓹𝓱𝓸𝓭𝓮𝓵Where stories live. Discover now