Asphodel-15

11.5K 1.1K 105
                                    

မနက်ခင်းအလင်းရောင်က မျက်နှာကိုတည့်တည့်လာထိုးနေတာမို့ ရိပေါ် မဖွင့်ချင်ဖွင့်ချင်နဲ့ မျက်လုံးတွေကို ဖွင့်လိုက်ရတယ်..။ ညကအသောက်များထားတာမို့ ခေါင်းကတဆစ်ဆစ် ကိုက်နေတယ်။

ဘေးဘီကိုကြည့်မိတော့ သူ့ဟိုတယ်လ်ခန်း
မဟုတ်ဘူး..။ ကိုယ့်ကိုယ်ကိုငုံ့ကြည့်မိတော့လည်း အ၀တ်လဲပေးခံထားရတယ်။ ငြီးစိစိဖြစ်နေလို့
ရိပေါ် ရေအရင်ချိုးလိုက်တယ်..။

ရေချိုးပြီးတော့ အိပ်ရာပေါ်ထိုင်ရင်း ညကဘာဖြစ်ခဲ့တာလဲ... အတင်းအကျပ် ထိုင်စဉ်းစားနေမိတယ်။ အတော်ကြာစဉ်းစားပြီးတော့ ခေါင်းထဲပထမဆုံးဝင်လာတာက သူကလေးကြီးလို အော်ငိုနေခဲ့တာ...။ သွားပြီ...ခပ်မိုက်မိုက် အေးစက်စက် CEO ပုံရိပ်လေးတော့ တစ်စစီကွဲကြေပဲ......။

ပြီးတော့ ကိုကို့ရှေ့မှာမှ....!!

မျက်နှာကိုလက်နဲ့အုပ်ရင်း... ရိပေါ်အိပ်ရာပေါ်လူးလှိမ့်နေမိတုန်း ဘေးကနေတစ်ယောက်ယောက်ကြည့်နေသလို ခံစားရတယ်..။ ခေါင်းထောင်ကြည့်လိုက်တော့... ကုတင်ဘေးမှာ မျက်လုံးအဝိုင်းသား ပြူးတိပြူးကြောင်နဲ့ သူ့ကိုလာကြည့်နေတဲ့ ဖန်ရှင်းဆိုတဲ့ ကလေးစုတ်လေး....။

"မင်းက ဘာကြည့်နေတာလဲ..။
မင်းကိုကို့နား အရမ်းကပ်လို့ ငါအရှက်ကွဲရတာ...."

ရိပေါ်ကခပ်တည်တည်နဲ့ ပိတ်ဟောက်တယ်။

"သားဦးဦးနား သားကပ်တာ ဦးလေးကြီးကိုဘာလုပ်လို့လဲ"

" ဘာ...ဘာ...မင်းဦးဦး ဟုတ်လား..။
အဲ့ဒါငါ့ကိုကို..."

"မရဘူး သားဦးဦးပဲ..."

"ငါ့ကိုကို ငါပိုင်တာ။
မင်းမမွေးခင်ကတည်းက ငါ့ကိုကို..."

ရိပေါ်က ဖန်ရှင်းအသက်ငယ်တာနဲ့ အနိုင်ပိုင်းပြောပေမယ့် ဖန်ရှင်းကလည်းအရှူံးမပေး ပြန်ပက်တယ်..။

"ဦးဦးက သားကိုပဲချစ်တာ..."

"သူကမင်းကို ဘာမှမချစ်ဘူး။
ကလေးမို့လို့ အလိုလိုက်နေတာ..."

"မဟုတ်ပါဘူးနော်..။ ဦးဦးက ငါတို့ ဖန်ရှင်းလေးကိုချစ်လိုက်တာဆိုပြီး ခဏခဏပြောတယ်။
ဦးလေးကြီးကိုကျ ပြောလို့လား..."

𝓐𝓼𝓹𝓱𝓸𝓭𝓮𝓵Where stories live. Discover now