Asphodel-18

8.9K 971 100
                                    

ရိပေါ်က ဘာစကားမှမဆိုနိုင်ပဲ တိတ်ဆိတ်သွားတာမို့ ယွီချန်လည်း ခပ်ဆိတ်ဆိတ်ပဲနေလိုက်တယ်။

သူတို့ကြားက တိတ်ဆိတ်နေမှုကို တံခါးဖွင့်ပြီး အထဲဝင်လာတဲ့စားပွဲထိုးမလေးနဲ့အမျိုးသမီးတစ်ဦးရဲ့အသံက ဖြိုခွင်းလိုက်တယ်။

"ကိုရယ် အပြင်မှာနှင်းတွေ အရမ်းကျနေတာပဲ။ပထမဆုံးကျတဲ့နှင်းက ဘာလို့ဒီလောက်များနေလဲမသိဘူး..."

အမျိုးသမီးက ကုတ်အင်္ကျီက နှင်းတွေကိုခါချရင်းပြောလာတယ်။

အသံကြားလို့ ရိပေါ် မော့ကြည့်လိုက်တော့ အမျိုးသမီးက ယွီချန်ကောဘေးမှာထိုင်နေပြီ။

"စီအီးအိုဝမ်...ဒါကျွန်တော့်အမျိုးသမီးလေ။ ရွှမ်းလုတဲ့.."

"တွေ့ရတာဝမ်းသာပါတယ် စီအီးအို ဝမ်ရိပေါ်"

ရိပေါ် သူ့ကို နှုတ်ဆက်လာတဲ့ အမျိုးသမီးကိုစကားမဆိုနိုင်ပဲ တအံ့တသြပဲ စိုက်ကြည့်နေမိတယ်။ ဒီအမျိုးသမီးက ကိုကို့မိန်းကလေးမဟုတ်ဘူးလား...။ ဘယ်က ဘယ်လို?

"အစ်မ စိတ်တော့မရှိပါနဲ့။ ဒီနေ့ နေ့လည် ဒေါက်တာရှောင်းနဲ့တွေ့ခဲ့သေးတယ်မလား"

"ဒေါက်တာရှောင်း? ကျန့်ကျန့်လား...။
တွေ့ခဲ့တယ်လေ။ ပြီးတော့ စီအီးအို နေ့လည်က လှည့်ထွက်သွားတာ တစ်ခုခုကိုအထင်လွဲသွားတယ်လို့ထင်တယ် "

"အထင်လွဲတယ်..."

"ဟုတ်တယ်။ ကျဲက ကျန့်ကျန့်ရဲ့အစ်မ၀မ်းကွဲပါ။ ရှောင်းကျန့်အမေက ကျဲရဲ့တစ်ဦးတည်းသောအဒေါ်လေ။ ပြီးတော့ နေ့လည်က ကျဲသူငယ်ချင်းရဲ့ကျန်းမာရေးကြောင့် ကျဲက စိတ်ထိခိုက်ပြီးငိုနေလို့ သူကနှစ်သိမ့်ပေးတာ။ စီအီးအိုက ရောက်လာတာနဲ့ ပြန်လှည့်ထွက်သွားတာ သေချာပေါက်တစ်မျိုးထင်သွားလို့ပဲ မဟုတ်ဘူးလား...."

"၀မ်းကွဲတွေ?...ဒါဆိုလွန်ခဲ့တဲ့၆နှစ်က ဘာလို့နမ်း..."

၆နှစ်လုံးလုံး မြိုသိပ်ခဲ့ရတဲ့ သူသိပ်သိချင်ခဲ့တဲ့ ကိစ္စကို ရိပေါ် မထိန်းနိုင်ပဲမေးလိုက်မိပြီးမှ ယွီချန်ကော မျက်နှာကိုကြည့်ရသေးတယ်။ ဒါပေမယ့် နှစ်ယောက်လုံးက မျက်နှာပျက်မသွားပဲ ထရယ်နေတာမို့​ ကြောင်သွားရတယ်။

𝓐𝓼𝓹𝓱𝓸𝓭𝓮𝓵Where stories live. Discover now