အပိုင်း ၁

61.8K 2.9K 721
                                    

What is Love?

"ဗျာ !အိမ်ထောင်ပြုရမယ်?"

ဘုန်း။

လက်ထဲက စာအုပ်ကိုပစ်ချလိုက်ရင်းက JEON JUNGKOOK သရဲတွေ့သလို အော်ဟစ်မေးလိုက်မိသည်။ရုတ်တရက်ကြီး ကမ္ဘာကြီးကပူနွေးလာသည်ဟု ခံစားလိုက်ရသည်။

"မဟုတ်သေးဘူးလေ ဒါကြီးက.....ဟား"

ခေါင်းက ဆံပင်တွေဆွဲဖွဖို့ ပြင်လိုက်ပေမဲ့ ပြန်ဖြီးနေရမှာစိုးတာ​ကတစ်ကြောင်း၊ ကလေးတွေလို အာဗြဲနဲ့ငိုယိုလို့ကလည်း မဖြစ်တာမို့ မကျေနပ်ချက်မှန်သမျှကို စားပွဲပုလေးပေါ်က စာအုပ်ကိုသာမဲပြီး တဖုန်းဖုန်းရိုက်ချလိုက်သည်။

"အဖေနဲ့အမေ ကျွန်တော် မလုပ်နိုင်ဘူးနော်။ နောက်ပြီး ကျွန်တော်က အိမ်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေလို့လား? အဲ့ဒါကြောင့် အိမ်ထောင်ချပေးတာလား?"

"အဲ အဲ့ဒါက အဲ့လိုတော့ မဟုတ်ဘူးထင်တယ်"

မိဘနှစ်ပါးက တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ တွန့်ဆုတ်တွန့်ဆုတ်နဲ့ ပြန်ဖြေလာသည်။Jungkook အကြီးအကျယ် စိတ်ညစ်ရပါ၏။ဒါတွေအကုန် ချစ်လှစွာသော အဘိုးရဲ့စနက်ပဲ။

"မဟုတ်သေးပါဘူး ဒါကြီးကဘယ်လိုအခြေအမြစ်မရှိတာကြီးလဲ!"

"ဘာက အခြေအမြစ်မရှိတာလဲ!"

"အဖေ"

"အဘိုး"

အဘိုးဖြစ်သူရောက်လာတော့ Jungkookခဏတော့ ငြိမ်သွားသည်။သို့ပေမဲ့ တွေးလေတွေးလေ တနုံ့နုံ့ဖြစ်လေမို့ ရုပ်ကပုပ်သထက်ပုပ်ကာ အညိုရောင်ပင်သန်းလာသည်။

"အဘိုး! ကျွန်တော်မိန်းမ မယူနိုင်ဘူး! ဒါ ကျွန်တော့်ဘက်က သဘောထားအမှန်ပဲ"

Jungkook တစ်ထစ်ချပြောပြီးသည်နှင့် တပြိုင်နက် အခန်းလေးထဲက ထွက်သွားဖို့ ဖင်ကြွလိုက်သည်။ ဆက်ထိုင်နေရင် လက်မခံမချင်း နားချနေဦးမှာ ကြိုသိပြီးသား။

"မင်းကို မိန်းမပေးစားမယ်လို့ ဘယ်သူပြောလဲ"

"ဗျာ?"

ကြွလက်စတင်ပါးက ကြမ်းပြင်နဲ့နောက်တစ်ကြိမ် ပြန်ထိကပ်သွားသည်။ ဘာလဲ လူကြီးတွေက ဒီကိစ္စကို နောက်စရာမှတ်နေတာလား။ခုပဲ ပေးစားမယ်ပြောလိုက် ခုပဲ မယူရဘူးပြောလိုက်နဲ့။

❝𝐏 𝐀 𝐍 𝐍  𝐇 𝐋 𝐀 𝐘❞Where stories live. Discover now