(Unicode)
မနက်ခင်း၏နေရောင်ခြည်နုနုတို့ကား ပြတင်းပေါက်မှတဆင့်အခန်းထဲသို့ ဖြန့်ကျက်လွှမ်းခြုံနေလျက်။ ရနေကျအမွှေးနံ့ ၊ ကြားနေကျ alarm သံတို့ကို မခံစားရသောအခါ အအိပ်ဆတ်သော ခန့်တည်သည် မျက်ခွံတို့ကို ဆက်လက်ပိတ်ထားခြင်းအား မစွမ်းသာတော့ပေ။
ဆက်လက်၍ကြားလိုက်ရသောအသံ၊ တနည်းအားဖြင့် မေမေ့၏ "ခန့်တည်" ဟုခေါ်လိုက်သောအသံ။ မျက်ခွံတို့မှာလည်းဖွင့်စေချင်သော အမိန့်ကိုဆန့်ကျင်စွာ သို့သော်ငြားလည်း ခန့်တည်ခွဲခြားသိသည်က မေမေ့အသံသည် ဒေါသစွက်၏။ စိတ်ပျက်ခြင်းတစိုးတစိလည်းပါဝင်လေ၏။
ထိုနည်းတူ ခန့်တည်၏လက်မောင်းပေါ်၌ အနည်းငယ်ပူနွေး၍ လေးလံသောအရာတစ်ခုကိုခံစားမိသည်။ မရတော့ မျက်လုံးအားဖွင့်မှဖြစ်တော့မည်။
ပထမဆုံးမြင်လိုက်ရသောအရာမှာ မျက်နှာကြက်အဖြူမှ မီးဆိုင်း။ အဆင်ပြေနေသေးသည်။ ဒါခန့်တည်အခန်းမှမီးဆိုင်း။ သို့သော် ဘေးသို့စောင်းငဲ့ကြည့်သောအခါမှ ခန့်တည်ကမ္ဘာပျက်တော့သည်။ ဆံပင်ထူထူအုပ်အုပ်ဖြင့် အိပ်ပျော်နေသော ကောင်လေးတစ်ယောက်။ လည်ပင်းတွင်လည်းခရမ်းရောင်အကွက်တို့ဖြင့် ကြည့်လို့အဆင်မပြေစွာ။ ဒါ အစ်ကို Jey ..
စဉ်းစားကြည့်တော့ ခန့်တည်၏ဦးနှောက်သည် ဗလာ။ ထပ်တူညီစွာပင် အစ်ကို Jey ရော ခန့်တည်ပါ အဝတ်အစားနတ္ထိ။ ကုန်းရုန်းထကာ တံခါးကိုဆွဲဖွင့်တော့ မေမေနှင့် အန်တီနွေး ခေါ် အစ်ကို Jey ၏ မွေးသမိခင်။ မေမေသည် ခန့်တည်အား ယူကြုံးမရသောအကြည့်တို့ဖြင့်ကြည့်သည်။ မျက်ရည်တို့ဝေ့သီလျက်။
ပထမဆုံးကြားလိုက်ရသည်ကား " Jey , သားလေး သားလေးရေ " ဟူသော အသံ။ ပြောစရာမလို သေချာသည် အန်တီနွေး၏အသံ။
လှည့်ကြည့်မိတော့ အစ်ကို Jey အားဆွဲပွေ့ကာ လှုပ်နှိုးနေသော အန်တီနွေး။ အသိရှိမနေသော "Jey နန္ဒ" ၊ ခန့်တည်အခေါ် အကို Jey နှင့် အိပ်ယာခင်းပေါ်တွင်စွဲထင်နေသော အနီရောင် အစွန်းအကွက်များ။
အရှင်းဆုံးပြောရလျှင် ခန့်တည်အခုစိတ်အပူဆုံးက အစ်ကို Jey မဟုတ်၊ မေမေမဟုတ် မနက်ဖြန်သွားရမည့် ခန့်တည်၏ပညာတော်သင်။ ခန့်တည်ကြိုးစားပမ်းစား ဖြေခဲ့ရသော University of London Scholarship။ ခန့်တည်လူသားမဆန်ဘူးပဲပြောပြော ၊ ရက်စက်သည်ပဲပြောပြော အခုခန့်တည်၏ပညာရေးသည်ပဲ အရေးကြီးသည်လေ။ သို့သော်ကြာကြာဆက်မတွေးနိုင်။

YOU ARE READING
Rhyme Made Of Love (Completed)
FantasyMelodies of falling in love with the right person 🎶