Chapter - 12

40.6K 4.2K 67
                                    

(Unicode)

ဒီနေ့ ပဲခူး စက်မှုဇုန်ဘက်သွားရမည်ဖြစ်သည်။ အကြောင်းအရင်းမှာ အထည်များ export quality မှီမမှီ သွားစစ်ရန်သာပင်။ အစ်ကို့ကိုပြောတော့ သူပါလိုက်ချင်သည်ဟုဆိုလာသည်။ အိမ်မှာနေရတာလည်း ပျင်းဖို့အကောင်းသားမလား။

"အစ်ကို သီဟလာကြိုလိမ့်မယ်၊ ကားမယူသွားဘူးနော်"

"အင်း ထမင်းချိုင့်ရော၊ ကိုသီဟအတွက် ပိုထည့်ရမလား"

"ရတယ်အစ်ကို မထည့်နဲ့၊ အဲ့ကောင် သူ့ဟာ့သူစားလိမ့်မယ်၊ ပြီးတော့အစ်ကို ကိုသီဟလို့ ခေါ်စရာမလိုပါဘူး၊ သူနဲ့ ကျွန်တော်နဲ့တောင် ရွယ်တူတွေ"

"အင်း ပြီးရော ပြီးရော"

အစ်ကိုက ခန့်တည် မနက်ပိုင်းထမပြေးခင်ကတည်းက ထမင်းဟင်းများထချက်ကာ နေ့လည်စာအတွက် ကြိုပြင်ဆင်ထားသည်။ ခန့်တည်ကိုယ်တိုင်လည်း အပြင်စာသိပ်မစားချင်။ ရေမသန့်မှာစိုး၍ အပြင်စာမစားစေချင်သော အစ်ကိုနှင့် တွေ့သောအခါ တောင်းဆိုစရာမလို၊ automatic lunch မှာ အစ်ကိုလုပ်ကျွေးသော အာလူးထမင်းနှင့် ကြက်သားမွှကြော်ဖြစ်တော့သည်။ အစ်ကိုသည် မေမေ့ထက်ပင် အိမ်ရှင်မ ပိုပီသသေးပါ၏။

အခန်းထဲဝင်ကာ Hoodie တစ်ထည် ထုတ်လိုက်သည်။ ကားလေတိုးလျှင် အစ်ကိုချမ်းပါလိမ့်မည်။ ဆေးပုံးထုတ်ကာ လိုအပ်သော ဆေးတချို့ထုတ်သည်။ အစ်ကိုက ဆေးသောက်ဖို့မေ့တတ်သည်လေ။

ဒါ စိုးရိမ်လွန် ပူပန်နေခြင်းမျိုး မဟုတ်။ ခန့်တည်အား အစစအရာရာ လိုက်လံကာဂရုစိုက်ပေးနေသော အစ်ကို့အတွက် ခန့်တည်ဘက်က ပြန်လုပ်ပေးနိုင်သည့် ဝတ္တရားပေမို့သာပင်။

"အစ်ကိုရေ ထမင်းဘူး ပြင်ပြီးရင် လာဦး၊ အနွေးထည်လာဝတ် အေးမယ်"

"လာပြီ ခန့်တည် ခဏလေး"

အစ်ကိုက master bedroom ထဲမှ စာအုပ်တစ်အုပ်ကိုင်ကာ ထွက်လာသည်။ Master bedroom ဆိုမှ သတိရသည်။ ထိုအခန်းက အစ်ကိုနှင့် ခန့်တည်တို့အလုပ်လုပ်သောအခန်း၊ စာကြည့်ခန်းကဲ့သို့ ဖြစ်နေလေပြီ။ အစ်ကိုလည်း အဲ့မှာအိပ်ဖို့ မတွေးတော့ပုံရသည်။

အနားရောက်တော့ အိပ်ယာပေါ် စာအုပ်ချကာ မှန်ရှေ့တွင် Hoodie သွားစွပ်နေသည်။ ခန့်တည် စာအုပ်ကို တစ်ချက်ကြည့်တော့ ဆရာမင်းလူ၏ "ပြန်ခေါ်သက်သေ"။

Rhyme Made Of Love (Completed)Where stories live. Discover now