Chapter - 8

40.6K 4.2K 41
                                    

(Unicode)

ခန့်တည်အလုပ်သွားတော့ Jey လုပ်ရမည့်အလုပ်က အိမ်သန့်ရှင်းရေးနှင့် ဟင်းချက်ရန်တို့သာ။ မျက်နှာချိုသွေးသည်ဟု ထင်ကောင်းထင်လိမ့်မည်ပေမယ့် မဟုတ်ရပါ။ ဒါက Jey၏တာဝန်ပေမို့။

ဖုန်သုတ် တံမြက်စည်းလှည်းကာ အဝတ်တချို့ပါ စီရီစွာ ပြန်ထည့်သည်။ ခန့်တည်သည် တစ်ခါတစ်ခါတော့ ကလေးဆန်သည်။ အိမ်နေရင်းအဝတ်များထုတ်သောအခါ ပွရှုပ်ကာကျန်နေတတ်သည့် အဝတ်ပုံကို ဂရုမစိုက်တတ်ပါလေ။

အကုန်ပြီးသောအခါ ဆက်လုပ်ရမည်က ခန့်တည်အတွက် ညစာ။ ရေခဲသေတ္တာဖွင့်ကြည့်တော့ အအေးထပ်တွင် ကျန်နေသော တစ်ခုတည်းသော ကြက်ရင်ပုံကို တွေ့လိုက်ရ၏။ ပြောရလျှင် Jey သည် ဟင်းချက်ရာတွင် အတန်ငယ် ထူးချွန်သည်။ Canada တွင်နေစဉ်က ကိုယ့်အားကိုယ်ကိုးကာနေခဲ့သောကြောင့် အကုန်တတ်မြောက်သည်။ ခန့်တည်လည်း သဘောကျသည်ထင်သည် .. စားလိုက်တာဆိုတာမှ။

ဟင်းချက်ပြီးသောအခါ ရေမိုးချိုး အဝတ်အစားသင့်တော်သလို ဝတ်ကာ အိပ်ခန်းထဲမှထွက်လာခဲ့သည်။ Stick note တစ်ရွက်ယူ စာရေးကာ အုပ်ဆောင်းတွင်ကပ်ခဲ့သေးသည်။

ပြီးပြီ။ ဒီညတော့ Jeyနန္ဒရဲ့ ညပဲ ..

                          ~~~~~~~~~

ဟိုရောက်တော့ Louis , ချမ်းစစ် , မင်းညီ နှင့် အာကာတို့မှာ ရေချိန်မကိုက်သေးပုံရသည်။ ညနေငါးနာရီခွဲဟူသောအချိန်သည် သောက်လို့မူးကောင်းတုန်းအချိန်မဟုတ်။

"Jey ခုမှလာတယ်ကွာ၊ နောက်ကျတယ်"

"အင်း ခန့်တည်အတွက် ညစာချက်ပေးနေရတာရယ်၊ ကားလမ်းပိတ်တာရယ် ပေါင်းသွားတယ်"

"ခန့်တည်ဆိုတာ မင်းလက်ထက်လိုက်တဲ့ ကောင်လေးလား"

Jey ရှက်ရွံ့စွာ အာကာအား ကြည့်လိုက်မိသည်။

"No နော် No Jey ငါမင်းကို နှိမ်တာမဟုတ်ဘူး၊ အဲ့လိုသာဆိုရင် ငါတို့ အုပ်စုမှာ Married couple နှစ်တွဲရှိပြီ"

Married couple ဆိုသည့် အသံကြားတော့ Louis က ခေါင်းထောင်သည်။ ချမ်းစစ်က ချောင်းဟန့်သည်။

"ချမ်းစစ် မင်းနဲ့ Louis ?"

Jey မေးတော့ Louis က ဝင်ပြောလာသည် ပြောရလျှင် Louis က ထိုင်းနှင့် အင်္ဂလိပ် လူမျိုးစပ်။ မြန်မာစကားသိပ်နားမလည်ပါ။ သို့သော် ပြောခဲ့သော စကားထဲတွင် "ချမ်းစစ်" "Louis" "married couple" စသဖြင့် ပါဝင်နေသောကြောင့်သာ။

Rhyme Made Of Love (Completed)Where stories live. Discover now