Chapter - 11

41.3K 4K 52
                                    

(Unicode)

ဆေးရုံရောက်သောအခါ အစာအိမ်အနည်းငယ် ယောင်နေသည်ဟု ဆရာဝန်က သတ်မှတ်သည်။ အစာစားချိန်မမှန်သည်က ထိုသို့ဖြစ်ခြင်း၏အစ။

နေ့စဉ်ဘဝတွင် ခန့်တည်၏တာဝန်နှစ်မျိုးပိုလာပေတော့သည်။ အစ်ကို့အားဆေးပုံမှန်တိုက်ရန်နှင့် အစာစားချိန်မှန်အောင် ဂရုစိုက်ပေးရန်တို့ဖြစ်၏။ လောလောဆယ် Glucose ချိတ်ထားသည်ဖြစ်ရာ Counter တွင် ဆေးရုံစရိတ်ရှင်းရန် ထွက်လာတော့သည်။

"ဟမ် မင်း ခန့်တည်မလား"

နောက်မှ သူ့နာမည်ကို ခေါ်နေသောအသံကြား၍ လှည့်ကြည့်သော် "ရှင်းသန့်ကို"ကိုတွေ့ရလေသည်။

"ဟာ ရှင်းသန့် မတွေ့တာကြာပြီ"

"အေး ဟုတ်တယ်၊ ငါလည်း Yangon Transfer ကျတာ မကြာသေးဘူးကွ၊ နှစ်လလောက်ပဲရှိဦးမှာ၊ အန်တီခင်မေနဲ့ တွေ့တုန်းကပြောတော့ မင်းကောင်မလေးနဲ့ နိုင်ငံခြားသွားမလို့ဆို"

"အာ အစကတော့ အဲ့လိုပါပဲ၊ မင်းအချိန်ရလား"

"ရတယ်၊ အစာအိမ်ဌာန round လှည့်ပြီးရင် ငါ့ break ပဲ ခဏလေးစောင့်"

"canteen မှာပဲစောင့်လိုက်မယ်"

"ဟေ့ကောင် ဒီက canteen ကမင်းကြိုက်လောက်မယ့် coffee မျိုးမရှိဘူး"

"ရတယ် ငါနဲ့ပတ်သတ်တဲ့ အစ်ကိုက ခုထိ သတိပြန်မရသေးလို့"

စကားစဖြတ်ကာ Canteen ဆင်းခဲ့တော့သည်။ ရှင်းသန့်ကို က ခန့်တည်၏ငယ်သူငယ်ချင်းအရင်းခေါက်ခေါက်။ ငယ်စဉ်က ပြင်ဦးလွင်ဘက် ခဏခဏသွားတုန်းက ကစားဖော် ကစားဖက်။ မမကိစ္စဖြစ်ပြီးနောက် ပြင်ဦးလွင် မသွားတော့ရာမှ သူငယ်ချင်းနှင့်ပါ အဆက်အသွယ်ပြတ်ခဲ့ရတော့သည်။

အစ်ကို့ကိစ္စတော့ အသိပေးသင့်သည် ထင်ပါသောကြောင့် ခန့်တည်၏အိမ်ထောင်ရေးကိစ္စအား သူ့ကိုပထမဆုံးပြောပြရမည်ဟု ဆုံးဖြတ်လိုက်ပါ၏။

                           ~~~~~~~~

"အဲ့တော့ မင်းတို့ကအခု တစ်အိမ်တည်းနေ သွေးမတော်သားမစပ် ညီအစ်ကိုပေါ့ အဲ့လိုလား"

ရှည်လျားလှစွာသော  ခန့်တည်၏ရှင်းပြချက်နောက် ထွက်ပေါ်လာသည်က ရှင်းသန့်၏ ဆွေမျိုးတော်စပ်မှု စကားစုသာ။

Rhyme Made Of Love (Completed)Where stories live. Discover now