Chapter - 7

39.9K 4.3K 39
                                    

(Unicode)

မနက်ခင်းတိုင်း ခန့်တည်ထပြေးနေခြင်းသည်
Jey အားရှောင်ရန်ဟု အစကထင်ခဲ့မိသေးသော်လည်း ယနေ့တွင် ခန့်တည်က သူတကယ် မနက်စောစော ပြေးတတ်သော အလေ့အကျင့်ရှိကြောင်း သက်သေပြသည်။

မနေ့ညက Indonesia ဘက်မှ company တစ်ခုက complain အနည်းငယ်တက်သည်ကို ဖြေရှင်းနေရသည် ဖြစ်ရာ Jey ညမအိပ်နိုင်ခဲ့။ Laptop ပိတ်ပြီးထလိုက်တော့ ခေါင်းကမိုက်ကနဲ။ ထိုစဉ် ခန့်တည်နိုးလာသည်။

"အစ်ကို အစောကြီးနိုးနေတာပဲ"

"အင်၊ ဪ အင်း ဟုတ်တယ်၊ တစ်ခါလောက်စောစော ထကြည့်တာ"

ပြောလို့မဖြစ်။ ညမအိပ်ကြောင်းပြောလိုက်လျှင် "ရတယ်အစ်ကိုအိပ်၊ ကျွန်တော်အကုန်လုပ်မယ်" ဟူသောစကားများ ထွက်လာလိမ့်မည်။

"အစ်ကို အဲ့ဒါဆို တူတူပြေးရအောင်"

"ဟမ် !"

                           ~~~~~~~~

အစ်ကို့ကိုကြည့်တော့ ရေနစ်နေသော
ကြွက်ပုံသဏ္ဍာန်။

မောလည်းမောနိုင်ပေသည်။ ခန့်တည်ပတ်ပြေးသည်မှာလည်း Golden City တစ်ပတ်လုံးကိုမှ တိုက်ကြားတွေပါမကျန်။ ရည်ရွယ်ချက်မှာ အစ်ကို့အား မနက်ခင်းနေထွက်ချိန်လေးအား ပြသလိုခြင်းပင်ဖြစ်သော်ငြား လက်တွေ့တွင် အစ်ကိုသည် နေထွက်ချိန်မပြောနှင့် ဘေးဘီကိုတောင်မကြည့်နိုင်။ ခြေလှမ်းတောင်မမှန်တော့။

အစ်ကိုကလည်း အမောမခံနိုင်လိုက်တာလေ။

                             ~~~~~~~~

ပြန်ရောက်တော့ Jey အိပ်ရာပေါ်သို့သာ ပစ်လှဲချလိုက်သည်။ "မသိဘူး တော်တော်မောတယ် နောက် ဒီကောင်စုတ်လေး ခေါ်တဲ့နေရာ ဘယ်မှမလိုက်ဘူး" ဟု တိုးတိုးကလေး ရေရွတ်မိလိုက်သေးသည်။

"အကို ကျွန်တော်ရေချိုးတော့မယ်"

လှည့်မကြည့်ဖြစ်တော့ပါ။ ဇက်ညောင်းသည်လေ။

ခဏကြာမှ ဘီဒိုထဲက အစိမ်းနုရောင် shirt လေးထုတ်ကာ pants မီးခိုးနှင့် တွဲထုတ်ပေးလိုက်သည်။ ဘီဒိုပိိတ်ကာ လှည့်အကြည့် ..

"အမေ့ရေ!"

ရုတ်တရက် ပေါ်လာသောသူကြောင့် လန့်သွားရသည်။ ခန့်တည်ကတဘက်ပိုင်းနှင့် ရေချိုးခန်းထဲမှထွက်လာသည်၊ အပေါ်ပိုင်းဗလာ။ ရင်အုပ်ကြွက်သားအမြှောင်းက Jey မျက်စိရှေ့တည့်တည့်။

Rhyme Made Of Love (Completed)Where stories live. Discover now