Chapter - 23

50.2K 3.6K 41
                                    

(Unicode)

Warning : Sexual Content !

အိမ်သို့ရောက်သော် ညဆယ်နာရီခန့်ရှိချေပြီ။ ခန့်တည်က ချမ်းစစ်အိမ်မှယူလာသော အထုပ်အမည်းရောင်အား လက်မှမချပဲ Baymax ကိုခေါ်ကာ အိမ်ပေါ်တက်သွားသည်။ သူလည်း ဆရာဝန်ပေးသော ဆေးထုပ်တို့အား ဝှက်လျက်သာသယ်ခဲ့တော့သည်။ ခန့်တည်ကို စိတ်မပူစေချင်ပါ။ နောက်ကျမှအသိပေးလည်း ဘာမှမဖြစ်လောက်ဘူးမလား။

သို့သော် အချို့သောမှန်းချက်များကလွဲတတ်သည်လေ။

~~~~~~

"အစ်ကို၊ ဒီမှာ နွားနို့"

"အင်း၊ ကျေးဇူး"

အိပ်ခါနီး နွားနို့ခွက်သယ်ကာ အိပ်ခန်းထဲဝင်လာသော ခန့်တည်၏မျက်နှာကိုကြည့်ရသည်မှာ အနည်းငယ် ရှက်ရွံ့ပျော်ရွှင်ခြင်းတို့ရောပြွန်းလျက်။ နွားနို့ခွက်ကိုသောက်ပြီးဘေးချတော့ ခန့်တည်က အိပ်ယာဘေးတွင်ထိုင်ကာ ကြည့်နေသည်။

"ခန့်တည်ပြောစရာရှိလို့လား"

"အင်း အစ်ကို"

ပြောသံစကားအဆုံး ခန့်တည်က မထင်မှတ်ထားသော အပြုအမူတစ်ခုကို စလုပ်တော့သည််။

                                      ~~~~~

နမ်းခြင်း။ အစ်ကို့နှုတ်ခမ်းတွင် ကျန်ရှိနေသော နွားနို့အကြွင်းအကျန်သည် အစ်ကို့နှုတ်ခမ်းနှင့်ပေါင်းစပ်သောအခါ ပို၍ ချိုမြိန်သည်။

ရုတ်တရက်ဆန်သွားသော်လည်း အစ်ကိုချမ်းစစ်ပြောပုံအရ တစ်ဆင့်မတက်ခင် ဒီအရာကလိုအပ်သည်မို့။ နှုတ်ခမ်းဖူးဖူးတို့အား စုပ်ယူကာ စားသုံးလေတော့ အစ်ကိုက ခပ်တိုးတိုးညည်းရှာသည်။

သို့သော်လည်း လွှတ်မပေးမိ။ ပို၍ နီးစပ်စေခြင်းအလို့ငှါ လျှာကိုပါ တိုးဝင်ရန်ပြန်တော့ အစ်ကိုက သွားတို့အား စီတန်းကာ ပိတ်ထားသည်။ အောက်နှုတ်ခမ်းအတွင်းအား တစ်ချက်ဖိကိုက်ကာ အစ်ကို့အား အိပ်ယာပေါ်သို့ ကန့်လန့်ဖြတ် ဖိလှဲချလိုက်တော့သည်။

အစ်ကို့အာရုံက အိပ်ယာပေါ်သို့ရောက်သွားချိန်တွင် အစ်ကို့ခံတွင်းတစ်ခုလုံးကို ပိုင်စိုးချယ်လှယ်ခွင့်ရသူက ခန့်တည်သာ။ အနမ်းတို့က ပို၍ နက်ရှိုင်း သိပ်သည်းလေ၊ အစ်ကို့ဆီမှ အချို့သော ညည်းသံလေးများ ထွက်လာလေ။

Rhyme Made Of Love (Completed)Where stories live. Discover now