Chapter - 16

40.5K 3.9K 95
                                    

(Unicode)

ဒီရက်ပိုင်း Jey နည်းနည်း အလုပ်များသည်။ ခန့်တည် company မှ ကိစ္စတော်တော်များများ Jey တာဝန်ယူရသည်။ Thai ဘက်မှ company တစ်ခု၏ business plan လည်းလက်ခံရသေးသည်။ အိမ်မှုကိစ္စကလည်း မလစ်ဟင်းစေရပေ။ ခန့်တည်ကိုလည်း ကလေးတစ်ယောက်သဖွယ် လိုက်ဂရုစိုက်ရသေးသည်။ သက်သာသေးတာက Baymax ကို မားအိမ်ခဏပို့ထား၍သာ။

ခန့်တည်က လူမမာဖြစ်နေသေးတော့ တူတူမထားချင်။ ဒါတောင် ထိုလူမမာက လူလည်ကျသေးသည်။

"အကို ကြက်သားနဲ့ဘူးသီးစားချင်တယ်"

"အကို ညနေကျ ဝက်နံရိုးနဲ့တရုတ်မှိုစားရအောင်"

"အကို လုပ်ကျွေးတဲ့ spaghetti ကိုသတိရလိုက်တာ"

"အကို"

"အကို"

စသဖြင့် တစ်ရက်တစ်မျိုးမရိုးရအောင် ခိုင်းစားသည်။ သို့သော် ဒီလူကိုယ်တိုင်က ကျေကျေနပ်နပ် ကျွန်ခံသည်မို့။

ခန့်တည်လက်ထိခိုက်ထားသည့် နေ့ရက်များက အဆင်ပြေပြေ ကုန်ဆုံးသွားမည်ဟု ထင်ခဲ့သော်လည်း အဆင်မပြေ ရှက်ကိုးရှက်ကန်းဖြစ်ရသည့် အချိန်များလည်းရှိသည်။ ဥပမာပြရသော် ရေချိုးခြင်း၊ ကိုယ်လက်သန့်စင်ခြင်း အမှုကိစ္စ။

လုပ်နိုင်သည်၊ လုပ်၍ရသည်ဟုပြောသော်လည်း ကျောက်ပတ်တီးက ဖျက်သည်။ သုံးရက်နေမှ တစ်ခါရေချိုးမည်ဟု သူ့အား ဂျီကျသောအခါ သူနှာခေါင်းသာ ရှုံ့ပြမိသည်။ ထိုအခါ ထိုညစ်ပတ်အိုးအား ရေချိုးခန်းထဲအတင်း ထည့်ရပြန်သည်။ ရေချိုးပေးရအောင်လည်း ကလေးပေါက်စမဟုတ်၊ မချိုးပေးပဲ ပစ်ထားရအောင်ကလည်း ခန့်တည်ထိခိုက်ထားသည်မှာ ညာဘက်လက်ဖြစ်နေသည်လေ။

ကျောက်ပတ်တီးမဖြေခင် တစ်ပတ်အတွင်း ခန့်တည်သည်လည်း ရှက်မနေနိုင်တော့။ သူသည်လည်း မျက်နှာပူမနေနိုင်တော့။ ရေချိုးပေးရသည်။ အင်္ကျီလဲ ဘောင်းဘီစွပ်ပေးရသည်။ လိုအပ်လျှင် အတွင်းခံကအစ ကူညီပေးရသည်။

ထို့နောက် ထမင်းကျွေးခြင်း။ ကိုယ့်ဟာကိုယ်စားဟယ်ဆိုပြီး ပစ်ထား၍လည်းမရ။ ခန့်တည်ကလည်း ဘယ်သန်မဟုတ်။ မှတ်မှတ်ရရပြောရလျှင် ခန့်တည်အား ငါးကြော်ကျွေးသည့်နေ့။ ငါးကြော်သည်မှာ လွယ်ကူသည်ဟု ထင်ခဲ့သော်လည်း အထင်နှင့်အမြင်မှာ တက်တက်စင်ကို လုံးကြီးတင်ဆံခတ်၍ လွဲသည်။ ဆီပေါက်သည်။ လက်လည်း ရစရာကို မရှိတော့။ သို့သော် ကလေးငယ်က "အစ်ကို ကျွန်တော်လေ ကြောင်ဖြစ်နေပြီထင်တယ် ငါးကြော်စားချင်လိုက်တာ" ဟု sofa ပေါ်တွင် ပြောသည့်နေ့က "ငါဟဲ့လူစွမ်းကောင်း ငါးကြော်မယ်"ဟု ကြုံးဝါးခဲ့သည်။

Rhyme Made Of Love (Completed)Where stories live. Discover now