(Unicode)
Jey က သားသားကို ကျောင်းကြိုပြီး ရေခဲမုန့်လိုက်ကျွေးဖို့ပြင်နေ့သည့် တစ်ရက်တွင်ဖြစ်သည်။ ဒီကနေ့ သားသားက ကျောင်းမှာ ပုံပြောပြိုင်ပွဲပထမဆုရပါ၏။ သိပ်တော်သည့် သားသားကို ဆုချရမှာ မိဘတို့ တာဝန်သာပင်။
အစက ခန့်တည်နဲ့ တူတူ သွားဖို့လုပ်ခဲ့သော်ငြား ခန့်တည်က လိုက်ချင်ပေမယ့် ရင်းနှီးမြှုပ်နံသူလာမှာဖြစ်သောကြောင့် နောက်ရွှေ့ပေးဖို့ပြောပါသည်။ သို့သော် သားကလည်း ခန့်တည်အတိုင်း သိပ်တဇွတ်ထိုးဆန်သည်။ စားချင်တာကို ချက်ချင်းစားလိုက်ရမှ ကျေနပ်သူသာ။
ကားလေးကို The Central ရှေ့ပဲမောင်းထွက်လာခဲ့ပါသည်။ သားသားလည်း ဆော့လို့ရအောင်ပင်။
~~~~~~~~
ခန့်တည်ကြည်နိုင်ဘဝမှာ အချစ်ဆုံးက Jey နန္ဒဆိုလျှင် ခုတော့ တည်သီးလေးပါ ကပ်ပါနေမြဲ။ မရိုးသားသော အချစ်တွေ အစ်ကို့ကို ပေးသည့်အခါ အစ်ကိုက ရှက်ပြုံးပြုံးပြီး ပြောရှာပါသည်။
"သားရှိတယ်" ဟူသတဲ့။
သည်လိုအခါမျိုးဆို တည်သီးလေးကို ဖယ်ထုတ်ချင်နေတာ လက်ကိုယားလို့သာပင်။ အချစ်အတွက်ဆို ကောင်းကျိုးမပေးပေမယ့် သားသမီးကံ မခေစေဖို့ ခန့်တည်ကြည်နိုင်မှာ တည်နန္ဒနိုင်အတွက် ရေခဲမုန့် ဝယ်ပြီး ပြန်ရပါသည်။
လှည်းတန်းဘက်က တောက်လျှောက်မောင်းလာပြီး Central Sweet ရှေ့ရောက်သောအခါ သားက Central က ရေခဲမုန့်ကြိုက်မှန်း သတိရမိပါ၏။
မှန်တံခါးကို တွန်းဖွင့်ဖို့လုပ်တော့ ရေခဲမုန့်ပေပွနေတဲ့ သားကို တွေ့ရပါသည်။ တိုက်ဆိုင်ချက်တစ်ချို့ကို အဓိပ္ပာယ်ဖွင့်ဖို့ မျက်လုံးကစားကြည့်တော့ မြတ်နိုးရသူက မြင်လွှာမှာ ပုံရိပ်ထင်လေသည်။
တစ်ဦးတည်းဖြစ်ဟန်မတူသည့် အစ်ကို့ဘေး၌ ခပ်ချောချော မိန်းမငယ်တစ်ဦးက ရယ်မောကာ စကားတစ်ချို့ စီကုံးနေပြန်သည်။
စချစ်ပေးသည့် အစ်ကို့နောက်ကိုလိုက်ရင်း ပိုတိုးချစ်မိသောခန့်တည်က ဒီမြင်ကွင်းကိုတော့ တကယ် မခံနိုင်ခဲ့။

YOU ARE READING
Rhyme Made Of Love (Completed)
FantasyMelodies of falling in love with the right person 🎶