Chapter - 26

39.8K 3.2K 39
                                    

(Unicode)

တောင်ကုန်းမို့မို့လေးပေါ်က ပြန်ဆင်းတော့ ည ရှစ်နာရီခန့်ရှိချေပြီ။ စီစဉ်ထားသည့်ဝိုင်ကိစ္စထက် အစ်ကိုအေးလွန်း၍ နှာသီးလေးများရဲနေသည်က
ပိုပြီး မူးယစ်ဖွယ်။

အိမ်ပြန်ရောက်တော့ Oven ထဲ steak ထည့်နွှေးရသည်။ မမေ့မလျော့ ပြင်ဆင်ထားသည်က အစ်ကို့အတွက် နွားနို့ခွက်။ အစ်ကိုကတော့ အင်္ကျီသွားလဲပြီး "Baymax ကိုအစာကျွေးမယ်"ဟု ပြောသွားလေသည်။

"အစ်ကိုလည်း ဝိုင်သောက်မယ်"

"ဟမ်"

"ဖြစ်ပါ့မလား အစ်ကိုရယ်"

"ဖြစ်တယ် ဖြစ်တယ်၊ လုပ်ပါ ခန့်တည်တောင် သောက်တာပဲကို"

ကောင်းသော ဉာဉ်ကို ဉာဉ်ဆိုးတချို့က အနိုင်ယူသည်။ ညစ်ကျယ်ကျယ် အပြုံးကလည်း အပါအဝင်ပင်။

                            ~~~~~~

သူသည် အရက်ပြင်းတွေကြောင့်သာ မူးဖူးသည်။ ဝိုင်လောက်ကတော့ အနည်းငယ် ပျော့သည်ဟုပဲ ဆိုရမည်။ မဆိုနိုင်သူက အစ်ကို။

ပုလင်းတစ်ဝက်လောက် သောက်ပြီး မှောက်နေသူက နောက် တစ်ခွက်လောက် လုပ်နေသေးသည်။

"တစ်ခွက်တည်း ..နော်၊ ခန့်တည်နော်"

"နေဦးလေ အကိုရဲ့၊ ကုန်နေပြီ ဝိုင်က ကုန်နေပြီလို့"

အသစ်သွားယူရန် ဝိုင်ခန်းထဲသို့သာ ထွက်လာရသည်။ ကျန်ခဲ့သည့် ကြွက်ဖြူလုံးကိုတော့ စိတ်မချ။

ဝိုင်ခန်းနှင့် အိမ်သည် အနည်းငယ် လှမ်းသည်ဟုဆိုရပေမည်။ ဝိုင်ခန်းထဲရောက်တော့လည်း သေချာရွေးရသေးသည် နှစ်ချို့ဆိုလျှင် သောက်လို့ကောင်းသော်လည်း ပိုမူးသည်မလား။

ယူပြီးပြန်အထွက်..

"ခွမ်း"

                           ~~~~~~~

ဘယ်တုန်းကတည်းက နောက်ကလိုက်လာလဲမသိ။ အခုတော့ ကြွက်ဖြူလုံးက ကိုယ့်ရှေ့မှောက်။

"အစ်ကိုရယ် လန့်လိုက်တာဗျာ၊ ကွဲကုန်ပြီ"

"ခန့်တည်ရေ ခန့်တည်ရေလို့၊ ခန့်တည်ကြည်နိုင် အာပြဲစိန်ရေလို့"

Rhyme Made Of Love (Completed)Where stories live. Discover now