Chapter - 19

42.8K 4K 65
                                    

(Unicode)

လေဆိပ်သို့ ဆိုက်ရောက်ရောက်ချင်း မျှော်ရသည်မှာ အားကိုးရသူဖြစ်သော်ငြား တွေ့လိုက်ရသည်မှာ ရှင်းသန့်ကိုသာ။ ခန့်တည်ကပဲ မျက်နှာလွှဲခဲပစ်လုပ်နိုင်သွားခြင်းလား။ လိုက်လာမည်ပြောသော်လည်း လေးလလုံး စောင့်နေခဲ့သော်လည်းလေ။

"ရှင်းသန့်၊ ခန့်တည်ရော"

"ခန့်တည် အလုပ်မှာ၊ မေလင်း"

"အလုပ် ? သူကျောင်းဆက်တက်ရမှာလေ"

"အေး၊ ငါရှင်းပြစရာတွေရှိလို့ အရင်လာခဲ့တာ"

လေဆိပ်က Aircon များ တော်တော်ကောင်းပုံရသည်။ Canada မှ ပြန်လာသည့် သူ့ကိုတောင် ခြေဖျားလက်ဖျားများ အေးလာသည်အထိ လုပ်နိုင်ပေသည်။

~~~~~~~

မေလင်း အိမ်ပြန်ရောက်တော့ မိဘများကို နှုတ်ဆက်ပြီး အိပ်ခန်းထဲသို့ တန်းတက်လာခဲ့သည်။ အိပ်ယာပေါ်တွင် ငေးငိုင်စွာ ထိုင်နေမိရင်း ရှင်းသန့်ပြောသွားသည်များကို တွေးနေမိပါသည်။

"ခန့်တည်ကလက်ထပ်လိုက်တယ်"

"ယောကျ်ားလေးတစ်ယောက်နဲ့"

"အဲ့ညက မှားသွားကြတာ"

"သူကတော့ နင့်ကိုပဲချစ်တယ်ပြောပေမယ့် အဲ့အစ်ကိုနဲ့က တော်တော် သံယောဇဉ်တွယ်နေပြီ"

ဘာဆက်လုပ်ရပါမလဲ။ ခေတ်ဆန်သော၊ ခေတ်မှီသောမိန်းကလေးတစ်ဦးဖြစ်သော်လည်း၊ LGBT ကို လက်ခံထားသော်လည်း ဒါကတော့ ...

မိမိချစ်ရသူလေ။ မိမိအလွန်ချစ်ရသော၊ အလွန်အားကိုးရသော ခန့်တည်လေ။ ကိုယ်ချစ်ရတဲ့သူက တခြားယောကျ်ားလေးတစ်ဦးရဲ့ ကာမပိုင် လင်ယောကျ်ားဖြစ်နေသည်တဲ့လေ။ တကယ်ဆို ခန့်တည်ကို သူအရင်တွေ့သည်၊ သူအရင်ပိုင်သည်လေ။

တခြားလူတွေ ဘယ်လိုမြင်မြင် သူမ မသိတော့။ အခု သိသည်မှာ သူမအရမ်းနာကျင်သည်။ သို့သော်လည်း သူများက တရားဝင်ပိုင်ဆိုင်ထားသူ။ ပြန်လုရအောင်လည်း ကိုယ့်မှာ မာနကအပြည့်၊ ပေးလိုက်ရအောင်လည်း ဒါကိုယ့်ရည်းစား။

ခေါင်းအုံးကို ပိုက်ကာ ငိုကြွေးနေမိတော့သည်။ ပြန်လာမိတာမှားပြီထင်သည်။

Rhyme Made Of Love (Completed)Where stories live. Discover now