Chapter - 18

41.7K 4.1K 78
                                    

(Unicode)

ဦးတည်ရာမဲ့သော Jey ၏ ခြေလှမ်းများသည် ဘယ်နေရာသို့ရောက်နေမှန်းမသိနိုင်တော့။

ညရှစ်နာရီဟူသော အချိန်သည် လူအရမ်းလည်းမစည်ကားသလို လူလည်းအရမ်းမပြတ်နေ။ သို့သော် ရှိနေသော လူသုံးပုံနှစ်ပုံခန့်၏ စိတ်ထဲတွင် ကောင်လေးတစ်ယောက် အသက်ငယ်ငယ်နှင့် စိတ်ရူးပေါက်ကာ လျှောက်သွားနေသည်ဟု သတ်မှတ်လိမ့်မည်။ အင်္ကျီအဖြူ၊ ဘောင်းဘီအညိုဝတ်ထားသော ဖိနပ်မပါဘဲ မျက်ရည်စီးကြောင်းများဖြင့်ကောင်ငယ်လေးတစ်ယောက်သည် ဘောက်ထော်လမ်းမကြီးပေါ်တွင် အသိစိတ်လွတ်စွာလမ်းလျှောက်နေခဲ့သည်။

ဖြူဖျော့လျက် ..
လွင့်ပြယ်လျက်သာပင်။

                             ~~~~~~~

"နေ့လည်က အစ်ကို Jey နဲ့ဆေးရုံမှာတွေ့တယ်၊ အစ်မခေတ်အကြောင်းလာမေးသွားတာ"

"ဟုတ်လား"

ခန့်တည်က Whisky ခွက်ကိုကောက်မော့ကာ အရေးမပါဟန် ပြန်ဖြေသည်။ ပြောရလျှင် ခန့်တည်က မေမေချစ်သားငယ်လေးသည်သာ။ အရက်ကို ပွဲတစ်ခုခုရှိမှ သောက်တတ်သူ။ ယခုတော့ ညနေက အိမ်သို့လာရန်ဖုန်းဆက်ခေါ်ပြီးကတည်းက ထိုင်သောက်နေခြင်းဖြစ်သည်။

"အေး အစ်ကိုရော"

"မရှိတော့ဘူး နှင်ထုတ်လိုက်ပြီ"

"ဘာ"

                               ~~~~~~

မူးနေသောကောင်အား အိပ်ရာပေါ်မတင်ကာ သောက်ထားသောခွက်များကို ရှင်းလင်းရင်း ခေါင်းထဲဝင်လာသော အတွေးအပိုင်းအစအချို့မှာ ရှုပ်ထွေးနေသည်။

"အစ်ကို Jey က gay.."

"ငါလက်ထပ်တဲ့လူက အခြောက် .."

"ငါသူ့ကို အရမ်းဂရုစိုက်ပေးခဲ့တာ .."

"အစ်ကို" "အစ်ကို" "အစ်ကို"

စသဖြင့် အမူးသမားပါးစပ်မှထွက်သော စကားတို့သည် Jeyနန္ဒ နာမည်ကိုသာတိုင်တည်၍ပင်။

ဘာဆက်လုပ်ပေးရမှန်းမသိတော့။ ဘေးလူအနေနဲ့ကြည့်လျှင် ခန့်တည်ကိုနားလည်ပေးနိုင်သည်။ သို့သော်လည်း အစ်ကို Jey က ချွင်းချက်. ခန့်တည်ကို ဂရုစိုက်သည်။ Diary စာအုပ်မမြင်ခင်ကအထိဆို အစ်ကို Jeyသည် ခန့်တည်အား သူ့အမေမွေးသော ညီလေးကဲ့သို့၊ သူမွေးသော သားလေးကဲ့သို့ ဂရုစိုက်သည်၊ အလိုလိုက်သည်၊ ချစ်ပေးသည်။

Rhyme Made Of Love (Completed)Where stories live. Discover now