(Unicode)
ရုံးရောက်တော့ မေမေ့၏ အလုပ်တာဝန်တော်တော်များများသည် မေမေနှင့် မသက်ဆိုင်သော အကြောင်းအရာများဖြစ်ကြောင်းကို ခန့်တည်သိလာရသည် ။
မေမေပင်ပန်းသည်မှာလည်း ဖြစ်သင့်ပါသည်။ ခန့်တည်တောင် မနည်းလိုက်နေရသည်လေ။ တစ်နေ့လုံး လေ့လာသင့်သည်ကို လေ့လာပြီးသကာလ အိမ်ပြန်ဖို့ကားလမ်းဘက်ဦးတည်လိုက်သည်။ လှည်းတန်းကား အမှန်ကိုကားပိတ်လွန်းသည်။
မီးပွိုင့်မိနေ၍ ဘေးဘီဝဲယာလှည့်ကြည့်သောအခါ "The Milk Bar" အမည်ရှိ ဆိုင်ကိုတွေ့ရသည်။
"အစ်ကိုက နို့ကြိုက်တယ်"
~~~~~~~~
Password နှိပ်ပြီး အိမ်ခန်းထဲဝင်လာသောအခါ Sofa ပေါ်တွင် စာရွက်တစ်ပုံအလယ် Laptop ဖွင့်ကာ အိပ်ပျော်နေသောသူကို မြင်ရ၏။ ဝယ်လာသော နို့အေးနှင့် ပူတင်းအား ရေခဲသေတ္တာထဲထည့်ကာ ပြန်ထွက်လာတော့ အိပ်မှုန်စုပ်ဖွား ခေါင်းကုပ်နေပြန်သည်။
"ခန့်တည် ပြန်ရောက်ပြီလား၊ အစ်ကိုအိပ်ပျော်သွားလို့"
"ဟုတ်အစ်ကို၊ မနှိုးတော့တာ အရမ်းအိပ်မောကျနေလို့"
"ခဏနေရင် ထမင်းစားရအောင်၊ မစောတော့ဘူးလေ"
"အင်း အစ်ကိုဟင်းတော့ချက်ထားတယ်၊ ထမင်းတည်လိုက်ဦးမယ်"
"ရတယ်အစ်ကို၊ ကျွန်တော်တည်ပြီးပြီ၊ ခဏနေ ကျက်တောင်ကျက်တော့မယ်"
"အဲ့ဒါဆို မင်းရေချိုးတော့၊ တစ်နေကုန် နံစော်နေမှာ"
ပြောသာပြောရသည် သူ့ကိုယ်က ကိုယ်သင်းနံ့နှင့်ရော၍ ရေမွှေးနံ့ပါရနေသေးသည်။ ထမင်းစားပြီးနောက် အစ်ကိုက master bedroom ထဲဝင်သွားသည်။
နောက်ကလိုက်ကြည့်တော့ အိပ်ယာခင်းနေသော သက်ဆိုင်သူ။
"အစ်ကိုဘာလုပ်နေတာလဲ"
"ဒီမှာလေ နေ့လည်က မွေ့ယာလာပို့သွားပြီ၊ အစ်ကို ဒီအခန်းမှာ အိပ်မလို့"
ဘယ်ကစပြောရမှန်းမသိ။ ခန့်တည်၏အိပ်ယာကလည်း နှစ်ယောက်အိပ်ရအဆင်ပြေသည်အထိ ကျယ်သည်လေ။ အစ်ကိုကိုယ်တိုင်က အတင်းသက်သက်အိပ်ချင်နေသည်များလား။

YOU ARE READING
Rhyme Made Of Love (Completed)
FantasyMelodies of falling in love with the right person 🎶