Special Part !

31.7K 2.7K 12
                                    

(Unicode)

လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်..
ဘေးခြံကို အန်တီခင်မေတို့ပြောင်းလာကာစပဲ။

Jeyပိစိလေး မူကြိုက အပြန် ဘေးခြံရှေ့ကဖြတ်တော့ ကလေးငိုသံတွေက ဆူဆူညံ။ အဲ့ကတည်းက သတ်မှတ်ထားတာ ဒီကလေးလေးက အာပြဲလေး။

အာပြဲလေး နှစ်နှစ်ပြည့်မွေးနေ့မှာ မားမားခေါ်လို့ လိုက်သွားတော့မှ အာပြဲလေးကို စမြင်ဖူးခဲ့တာ။ ကလေးပိစိလေးတွေကို မချစ်တတ်တဲ့ Jeyကတော့ ဒီကလေးကို အသည်းစွဲပဲ။

အာပြဲလေးကို အိမ်ကနာမည်ပေးတာက ခန့်တည်ကြည်နိုင်တဲ့။ နာမည်နဲ့လိုက်အောင် ရုပ်ကတည်တယ်။ ခန့်တည်လေးမူကြိုတက်တော့ Jey က ငါးတန်းကျောင်းသားလေးပေါ့။

တစ်ဦးတည်းသော ရွှေပေါ်မြတင်လေး Jey က
ခန့်တည်လေးအတွက်ဆို အရုပ်စင်ပေါ်က ကားလေးလည်းဖြစ်ပေးနိုင်တယ်၊ မိုးကောင်းကင်ပေါ်က လမင်းကြီးလည်း ဖြစ်ပေးချင်တယ်။

ငယ်ဘဝလေးက အရောင်ကင်းစင်တယ်။ Jey ရဲ့ ဘဝမှာ ခန့်တည်လေးက နံပါတ်တစ်၊ ခန့်တည်လေးက နံပါတ်နှစ်၊ ခန့်တည်လေးက Jey အချစ်။

"ကိုကို သားသားကို ရုပ်ရုပ်ဝယ်ပေး" ဆိုတာနဲ့
ကားမောင်းတဲ့ ဦးလေးကြီးကိုခေါ် မြို့တစ်ပတ်ပတ်ပြီး ခန့်တည်လေးလိုချင်တဲ့ မီးလင်းပါဝါရိန်းဂျားရုပ်လေးကို ရှာပေးရတဲ့အထိ Jey က ခန့်တည်လေးကို ချစ်ရပါသတဲ့။ ခန့်တည်လေးရဲ့ ပါးဖောင်းဖောင်းလေးတွေပါ ထပ်ပေါင်းထည့်ရင် ချစ်စရာ မျက်နှာလေးပဲ။

လေပြည်ပြီးရင် မုန်တိုင်းလာတယ်။ Jey သိရတဲ့ မေတ္တာတချို့ဟာ အရောင်စွန်းထင်းလာမှန်း သတိပြုမိတဲ့အခါ ကလေးငယ်ကို စွန့်ခွါခဲ့တယ်။ နောင်တတရားအချို့ ရင်ဝယ်ပိုက်ရင်း ဘေးခြံက ပြတင်းပေါက်လေးကို ငေးရင်း။

အရာရာဟာ မြန်ဆန်လွန်းလှပါရဲ့။ ချစ်ရတဲ့ကလေးငယ်ရဲ့ တရားဝင် သက်ဆိုင်သူအဖြစ်ကို ရောက်မှန်းမသိရောက်ခဲ့ရတဲ့ Jey ကတော့ ပျော်ရမလား ငိုရမလား မဝေခွဲတတ်။ သေချာတာတော့ ကလေးငယ်က ဥပက္ခာတော့ မပြုခဲ့ဘူး။

ရှိတဲ့ အချစ်တွေက အရောင်စွန်းနေရင်တောင် ပေးတဲ့ မေတ္တာတွေက အဖြူလွလွပါ ကလေးငယ်။ မင်း ချမ်း​မြေ့ပါစေ။

Rhyme Made Of Love (Completed)Where stories live. Discover now