Chapter - 27

37.6K 3.1K 33
                                    

(Unicode)

မနက်အစောကြီး ထပြေးတတ်တဲ့ ခန့်တည်ကြောင့် Jey သည်အိပ်ယာထဲ၌ ပက်လက်ကလေး ကျန်ခဲ့သည်။ နဖူးလေးကို နမ်းပြီး "Merry Christmas and Happy Birthday အစ်ကို" ဟုပြောသွားသော ခန့်တည်ကြောင့်လည်း ဒီလူရင်မှာ တလှပ်လှပ်။

"ရှက်ရအောင် မိန်းမလည်းမဟုတ်"ဟုတွေးမိပြန်တော့ မိန်းကလေးမဟုတ်လျှင် မရှက်ရဘူးလားလေ။ လက်ထပ်ထားသည်မှာ တစ်နှစ်ကျော်နေပေမယ့် ယခုထိ နမ်းတာလေးကိုတောင် ရင်ခုန်နေကြသည့် Jey နဲ့ ခန့်တည်။

အတွေးတချို့ကို ရပ်ပစ်လိုက်သည်။ မွေးနေ့ဆိုတော့ ချစ်ရသူနဲ့ ဘုရားသွားရမည်။ မားဆီကိုသွားမည်။ ပြီးတော့ ခန့်တည်နဲ့ လျှောက်လည်မည်။ ကုမ္ပဏီနားရက်ဆိုတော့ သူအားလောက်သည်။

မျက်နှာသစ် ရေချိုး စသည့် တချို့တစ်ကိုယ်ရေတစ်ကာယ ကိစ္စအချို့အရင်လုပ်၊ ဘုရားရှိခိုး ဘုရားဆွမ်းတော်ကပ်ပြီးတော့ မနက်စာပြင်တော့ အိမ်ရှေ့က password နှိပ်တဲ့အသံကြားနေရချေပြီ။

"ခန့်တည် လာ အစ်ကိုပေါင်မုန့်မီးကင်လုပ်ထားတယ်"

"မစားတော့ဘူး၊ ကုမ္ပဏီသွားစရာရှိလို့"

ခန့်တည်လေသံက ခပ်တန်းတန်း။ အရင်က မေတ္တာကြိုးမသွယ်ခင် နေ့ရက်တွေကိုတောင် ပြန်ရောက်သွားသလို။

"ဪ အင်း၊ အစ်ကိုအင်္ကျီမထုတ်ရသေး"

"ရတယ်၊ ကိုယ့်ဘာသာ ယူဝတ်လိုက်မယ်"

တံခါးပါ လော့ခ်ချသံကြားလိုက်ရသောကြောင့် သူ့လက်ထဲက ပေါင်မုန့်မီးကင် ပန်းကန်က လေထဲတန့်နေခဲ့သည်။ သူဘာမှလည်း အမှားမလုပ်မိပါပဲနဲ့။

ဖုန်းမြည်သည့်အခါ Contact name က မား။

"မား ပြော"

"Jey၊ သားလေး Happy Birthday ကွယ်"

"ကျေးဇူး မား၊ ခဏနေ အိမ်လာမလို့"

"သားတစ်ယောက်တည်းလား၊ ခန့်တည်ရော"

"သူ ..သူ မအားလို့မား၊ သားပဲလာမှာ"

"ဪ အေးအေး စောစောလာနော် သား၊ မားနဲ့ ဘုရားသွားမယ်"

"ဟုတ်မား ထွက်လာခဲ့မယ်"

Rhyme Made Of Love (Completed)Where stories live. Discover now