Farewell letter

20.6K 1.2K 13
                                    

Hello !
Milo ပါ။ ဒုတိယတစ်ခါလိုက်လာတဲ့လမ်းက ပထမတုန်းကထက် ပိုပြီး ဖြောင့်ဖြူးမယ်ထင်ပါတယ်။ လိုအပ်တာတွေ ပြန်လည်ပြင်ဆင်ပြီး လှလှပပလေး ပြန်လည်ပို့ဆောင်ပေးထားလို့ ဖတ်ရထောက်နေတာတွေ အရင်ကထက် နည်းသွားလိမ့်မယ်လို့ထင်ပါတယ်။ Extra 3 ပိုင်းကို စာပြင်ပြီးတာနဲ့ ဆက်တင်ထားပေးပါ့မယ်။

အမှန်တော့ ကိုယ်စာတွေပြန်ပြင်ချင်နေခဲ့တာကြာပါပြီ။ Second edition ကြောင့်မဟုတ်ပဲ လိုတာတွေ ပြန်ပြင်ချင်လို့ Rhyme ကိုရော နှောင်းဦးကိုပါ unpublish ထားခဲ့တာ တော်တော်ကြာခဲ့ပါပြီ။ စာပြင်တာတော့ နှောင်းဦးက အရင်ပြီးသွားတယ် (စာအုပ်ထုတ်မှာမလို့ ပြင်တာမဟုတ်ပါ)။ နောက်တော့မှ Rhyme ကို ကိုင်ရတာပေါ့လေ။ အခုတော့ စင်းလုံးချောမဟုတ်တောင် ပြီးသွားခဲ့ပါပြီ။

Rhyme ကို ပြန်မထုတ်ဘူးလို့ ပြောခဲ့ဖူးပါတယ် ဝန်ခံပါတယ်။ ပြန်လည်း မထုတ်ချင်ခဲ့ပါဘူး။ ဒါပေမယ့် မရလိုက်တဲ့ကလေးတွေက တိုက်ကို ကျန်သေးလား လာလာမေးကြတာနဲ့ တိုက်ကလည်း ပြန်စကားစလာတာမလို့ လုပ်ဖြစ်သွားကြတာပါ။ Aurora ကလည်း ရပ်နားတော့မှာဆိုတော့ နောက်ဆုံးအမှတ်တရလေးတစ်ခုအနေနဲ့ Rhyme ကို ပြန်လည် ထုတ်ဝေပေးခဲ့ပါတယ်။

First Edition က နူးညံ့တဲ့အချစ်လိုမျိုးပုံဖော်ထားတဲ့ cover ဆို Second Edition က သိမ်မွေ့အေးဆေးတဲ့ အချစ်ပါ။ မြင်တာနဲ့ အုထွေးထားချင်လောက်အောင်ဖြစ်စေမယ့် Romance fluffy ပန်းနုကလေးပါ။ ၁၄ ရက်နေ့ သူတို့စပြီး order ကောက်မယ်ပြောပါတယ်။

မိုင်လိုပြောချင်တာ ဒီမှာလာပါပြီ
- First edition ရှိပြီးသားဆို မဝယ်ပါနဲ့တော့နော် တခြားသုံးစရာတွေအတွက် ငွေချန်ပါ
- အခုကာလမှာ ငွေပိုငွေလျှံရှိမှ အသုံးပြုပါ
- LG ပါပါလိမ့်မယ်၊ LG မရလို့ ဝမ်းမနည်းစေချင်ပါဘူး အကုန်ညီတူညီမျှ ရမယ့်လက်ဆောင်တွေကလည်း လှပါတယ်။

ဒီလောက်ပါပဲ

စိတ်မချမ်းသာကြရင်တောင် ကိုယ်ကျန်းမာအောင်နေကြပြီး ဂရုစိုက်ကြပါ ...

Drink "MILO" for your nutrition, dear ^^

Rhyme Made Of Love (Completed)Where stories live. Discover now