Chapter - 13

40.5K 4K 55
                                    

(Unicode)

နေ့တစ်နေ့။

တိတိကျကျပြောရလျှင် နှစ်တစ်နှစ် နောက်ဆုံးလ၏ နှစ်ဆယ့်ငါးရက်မြောက်နေ့ ၊ Christmas နေ့၊ နောက်တစ်နည်းပြောရလျှင် အစ်ကို့မွေးနေ့။

ပဲခူးသွားပြီးအပြန်ကတည်းက အစ်ကိုနှင့်ခန့်တည် တစ်အိမ်ထဲနေပြီး မျက်နှာချင်းမဆိုင်ဖြစ်။ အစ်ကိုကလည်း အလုပ်ရှုပ်၊ ခန့်တည်ကလည်း Company နှင့်မအားလပ်ခဲ့ပါ။ နောက်ပြီး မေမေက ပြင်ဦးလွင်တွင် မမနှစ်ပတ်လည် လုပ်မည်ဆိုသောကြောင့် မေမြို့ကိုလိုက်သွားရသေးသည်။

အခုဆို အစ်ကို့မွေးနေ့ရောက်နေလေပြီ။ လူက ရန်ကုန်မရောက်သေး၊ ပြင်ဦးလွင် ဝိုင်ခြံကိစ္စ ရှင်းနေရသေးသည်။ အစ်ကို နိုင်ငံခြားမသွားခင်အထိ အစ်ကို့မွေးနေ့တိုင်းတွင် ခန့်တည်အတူရှိခဲ့သည်။
မနက်မိုးလင်းကတည်းကနေ ညဘက် အစ်ကိုတို့ကိတ်မုန့်ခွဲသည်အထိ နှစ်တိုင်းနီးပါး။ ဒီနှစ်တော့ မေမေ့အား ကူညီနေ၍ ဘာမျှမစီစဉ်ပေးနိုင်တော့ဘူးထင်ပါသည်။

"ခန့်တည် သား ပြန်ရင်ပြန်တော့လေ၊ နေနေတာလည်း တစ်ပတ်ကျော်နေပြီ၊ ဟိုမှာ Jey လည်း တစ်ယောက်တည်း၊ ပြီးတော့ ဒီနေ့ Jey မွေးနေ့လေသား"

"ဟုတ် မေမေ သားပြန်ချင်တာတော့ဟုတ်တယ်၊ flight နဲ့ပဲ ပြန်တော့မယ်၊ ကားနဲ့ဆို ကြာမှာစိုးလို့၊ မေမေဘာမှာဦးမလဲ ?"

"မမှာတော့ဘူးသား၊ နွေးနွေးကိုပဲ ပြောလိုက် ပြန်လာတော့မှ လက်ဆောင်တွေဝယ်ခဲ့မယ်လို့"

"ဟုတ် မေမေ၊ အကိုနဲ့ အန်တီနွေးအိမ်ဘက်သွားရင် ပြောလိုက်မယ်၊ မေမေ ဝိုင်တစ်ပုလင်းဆွဲသွားမယ်နော်"

"အင်းအင်း ယူသွား၊ အများကြီးလည်းမတိုက်နဲ့ဦးနော် Jey ကို"

"အင်းပါ မေမေရဲ့"

ရန်ကုန်သို့ပြန်ရမည့်ခြေလှမ်းတို့က တက်ကြွနေတော့သည်။ အကြင်သူက ထိုမြေ၌ နန်းတည်နေသည်မဟုတ်လား။

                            ~~~~~~~~

မနက်မိုးလင်း မျက်လုံးဖွင့်တော့ နေရောင်ဖျော့ဖျော့က လိုက်ကာများကြားမှ Jey၏မျက်နှာကို ကလူကျီစယ်သည်။

Rhyme Made Of Love (Completed)Where stories live. Discover now