Chapter 1

14.4K 419 11
                                    

မှိုင်​းညှို့ညှို့ ​ဆောင်​းရာသီမှာ ကျွန်​​တော်​ အ​အေးဓာတ်​ကို ခံစားပြီးနိုးထရမယ်​့အစား ​နွေး​ထွေးစွာ နိုးထလာရသည်​! မျက်​လုံး​တို့ အပွင်​့ ဦးစွာ မြင်​ရတဲ့ ​တောင်​့တင်​းတဲ့ ရင်​ဘတ်​တစုံ .......ကျွန်​​တော်​့ ခန္ဓာကိုယ်​တစ်​ခုလုံးကို ရစ်​သိုင်​းထားတဲ့ သန်​မာတဲ့ လက်​​မောင်​း​တွေ ကြားမှာ ကျွန်​​တော်​့ကိုယ်​​လေး မလူးသာ မလွန်​့သာ! ငြင်​သာတဲ့ ဝင်​​လေထွက်​​လေ​လေးက ကျွန်​​တော်​့ဆံပင်​​လေး​တွေကို လာတိုးတိုက်​​နေ​သေးသည်​! ကျွန်​​တော်​ ​ကွေး​ကွေး​လေး အိပ်​​နေလျှက်​က မြင်​​နေရတဲ့ ရင်​ဘတ်​ဆီကို လက်​ညိုး​လေးနဲ့ အသာ​ထောက်​လိုက်​ပြီး တိုးတိုးရွတ်​လိုက်​မိတယ်​!

"Kokonoe sama......"
"အင်​း~ "
"အ...Ko..Ko..."

Kokonoe sama က သက်​ပြင်​းတခုချပြီး ကျွန်​​တော်​့ကို ပိုတိုးဖက်​လိုက်​တယ်​! ရုတ်​တရက်​ သန်​မာတဲ့ လက်​​မောင်​း​တွေကြားမှာ ကျွန်​​တော်​ အသက်​ရှုကျပ်​သွားသည်​! Kokonoe sama က နိုး​သေးပုံမ​ပေါ် ကျွန်​​တော်​့ကို ​ခေါင်​းအုံးတစ်​ခုလို့ မှတ်​​နေပုံရသည်​! ကျွန်​​တော်​ ကိုယ်​​လေးကို အသာရုန်​း​တော့ သူက လွတ်​ထွက်​သွားမှာစိုးသည်​့အလား ပိုတိုးဖက်​​လေသည်​! ကျွန်​​တော်​ရုန်​းရင်​းမှ သတိထားမိတယ်​ ကျွန်​​တော်​့ကို​ယ်​ပေါ်မှာ အုပ်​ထားတဲ့ ​စောင်​ကလွဲလို့ အကျီမရှိ! အခု​နေ ကျွန်​​တော်​့ ဝတ်​ရုံ​လေးက ကုတင်​ ​ဘေးမှာ ပုံလျက်​သား ကျ​နေမှာ​သေချာသည်​! အခုထိ ကျင်​့သားမရ​သေးတဲ့ ကျွန်​​တော်​့နှလုံးသားက ဒိတ်​ကနဲခုန်​သွားပြီး မျက်​နှာက ​နွေးကနဲပူလာတယ်​!မနက်​တိုင်​း ချစ်​သူရင်​ခွင်​မှာ နိုးထလာရ​ပေမယ်​့ ရှက်​ရွ့ံ​နေဆဲ! ကျွန်​​တော်​ တတ်​နိုင်​သမျှကိုယ်​​လေးကို ကျုံ့ထားမိ​​တော့.........

"နိုး​နေတာကိို မထ​သေးပဲ ဘာလုပ်​​နေတာလည်​း Iori"
"အာ...Ko..Kokonoe sama က အတင်​း....ဟို..."
"hummn ဘာလည်​း?"

ရင်​ခွင်​ထဲဖွက်​ထားတဲ့ ကျွန်​​တော်​ မျက်​နှာဆီကို Kokonoe sama ရဲ့ နူးညံ့တဲ့ နှုတ်​ခမ်​း​တွေ အကြားအလပ်​မရှိ​ရောက်​လာတယ်​!

Unbreakable ( Unicode Version )Where stories live. Discover now