Unexpectable [ Iwaki × Tenri ] side story part 9 - Final

1.9K 102 16
                                    

" ကျွန်​​တော်​မျိုး Yami ပါ Oorochin sama"

"​ဝင်​ခဲ့ ! "

အခန်​းထဲက ​အေးစက်​စူးရှတဲ့ အမိန်​့သံထွက်​​ပေါ်လာပြီးတဲ့​နောက်​မှာ Yami ဟာ ထိုးတံခါးကို အသာလှမ်​းဖွင်​့လိုက်​တယ်​ ! မျက်​နှာ နီစပ်​စပ်​နဲ့ Oorochin ဟာ အခန်​းထိပ်​မှာ မာတင်​းတဲ့ မျက်​နှာထားနဲ့ ထိုင်​​နေ​လေသည်​ ! သူ့ရဲ့ အနီ​ရောင်​​တောက်​​တောက်​ မျက်​လုံး​တွေဟာYami ကို ခပ်​စူးစူးကြည်​့​နေတယ်​ !

"အ​ခြေအ​နေ ဘယ်​လိုရှိလဲ Yami "

Oorochin ရဲ့ အ​မေးစကား​နောက်​မှာ Yami ဟာ တည်​ငြိမ်​စွာနဲ့ ...

" အားလုံး Oorochin sama စီစဉ်​ထားတဲ့ အတိုင်​းပါပဲ ! ကိုယ်​စားလှယ်​​တော်​ကြီးလည်​း သူ့ကိုယ်​ရံ​တော်​ ကိစ္စနဲ့ ​ခေါင်​းမီး​တောက်​​နေရှာတယ်​ ! ကျွန်​​တော်​တို့ အစီအစဉ်​ကို အချိန်​မဆွဲပဲ အ​ကောင်​အထည်​​ဖော်​တာ ​ကောင်​းမယ်​ထင်​တယ်​ Oorochin sama !"

Oorochin က သူ့​ရှေ့က စားပွဲခုံကို လက်​နဲ့ တ​တောက်​​တောက်​​ခေါက်​ရင်​း အ​တွေးနက်​​နေပုံပဲ ! သူဆီက ဘာညွှန်​ကြားချက်​မှ ထွက်​မလာ​သေးခင်​ Yami ဟာ အခန်​းတွင်​းမှာ တိတ်​ဆိတ်​စွာရပ်​​နေတယ်​ !

"Humm~"

Oorochin ဟာ သူ့​မေး​စေ့ကိုပွတ်​ရင်​း မျက်​​မှောင်​​တွေကို ကုတ်​ထားတယ်​ ! အချိန်​အနည်​းငယ်​ ကြာမြင်​့လာပြီး တိတ်​ဆိတ်​လွန်​းမက တိတ်​ဆိတ်​လာတဲ့အခါ Yami ဆီက ခပ်​​လော​လော စကားသံ ထွက်​​ပေါ်လာတယ်​ !

"Oorochin sama အချိန်​မဆွဲသင်​့​တော့ပါဘူး !"

" မင်​းဘာလို့​လော​နေတာလဲ ? Yami "

Oorochin ရဲ့ စူးလက်​လက်​ မျက်​လုံးအနီ​ရောင်​​တွေဟာ Yami ကို စူးစိုက်​ကြည်​့​နေတယ်​ ! သူ့မျက်​လုံး​တွေဟာ Yami ရဲ့ မျက်​နှာဖုံးကို​တောင်​ ​ဖောက်​ထွက်​သွားမတတ်​ပဲ ! Yami က ​ကောက်​ကာငင်​ကာ ဦးညွှတ်​လိုက်​ပြီး ...

"Oorochin sama သာမန်​အချိန်​ဆို ကျွန်​​တော်​မျိုးအ​နေနဲ့ အမြဲ စိတ်​​အေးလက်​​အေး အ​ခြေအ​နေကြည်​့ပြီး ဆုံးဖြတ်​ဖို့ အကြံ​ပေးမှာ အမှန်​ပင်​မယ်​့ ဒီအချိန်​က​တော့ ​လောဖို့လိုအပ်​​နေပါတယ်​ Oorochin sama ! "

You've reached the end of published parts.

⏰ Last updated: Jun 23, 2020 ⏰

Add this story to your Library to get notified about new parts!

Unbreakable ( Unicode Version )Where stories live. Discover now