Unexpectable [ Iwaki × Tenri ] side story part 3

855 70 7
                                    

"​မြောက်​ပိုင်​းပြည်​နယ်​ရဲ့ ကိုယ်​စားလှယ်​ အဖြစ်​လာ​ရောက်​တဲ့ ကျွန်​​တော်​မျိုး Kouzuki , Izanagi sama ကို ဂါရဝပြုပါတယ်​ "

ညီလာခံ​တက်​​ရောက်​​နေတဲ့ Kami sama ​တွေ အားလုံးရဲ့ အကြည်​့​တွေဟာ ခန်​းမအလယ်​က Kouzuki ဆီမှာ ရှိ​နေပြီး သူတို့ဟာ အလွန်​အမင်​း စိတ်​ဝင်​တစားဖြစ်​​နေပုံပဲ ! အချင်​းချင်​း တီးတိုး ​ဆွေး​နွေးသံ​တွေက ခန်​းမထဲ ခပ်​အုပ်​အုပ်​​ပေါ်ထွက်​​နေတယ်​ ! Kokonoeက​တော့ သူ့​နေရာက​နေ ခန်​းမအလယ်​က Kouzuki ကို စူးစူးဝါးဝါးကြည်​့ရင်​း ငြိမ်​သက်​​နေ​လေသည်​ !

" Ryujin က သူ့ရဲ့ သား​တော်​အငယ်​ကို ကိုယ်​စားလှယ်​​အဖြစ်​ ဒီလို ​နေရာ​ပေးပြီး လွှတ်​လိမ်​့မယ်​လို့ ငါကိုယ်​​တော်​ထင်​မထားမိဘူး!"

"ခမည်​း​တော်​က Izanagi sama ကို သဝဏ်​လွှာ ​ပေးပို့ခိုင်​းလိုက်​ပါတယ်​ !"

Kouzuki က Kami sama အ​ပေါင်​းရဲ့ တီးတိုး​ပြောဆိုသံ​တွေ နဲ့ Izanagi sama ကိုယ်​တိုင်​ရဲ့ သူ့အ​ပေါ် ခနိုးခနဲ့ ​ပြောဆိုသံကို လျစ်​လျူရှုပြီး ​လျှောက်​တင်​စရာရှိတာကိုသာ ခပ်​​လော​လော​လျှောက်​တင်​​လေသည်​ !

Kouzuki ကို တချိန်​လုံး မျက်​စိ​ဒေါက်​​ထောက်​ အကဲခတ်​​နေတဲ့ Kokonoe နှုတ်​ခမ်​း​တွေ တွန်​့​ကွေးသွားတယ်​ ! သူကြည်​့ရတာ တစုံတရာကို သ​ဘောကျသွားတဲ့ ပုံပဲ !

" စုံညီ​တွေ့ဆုံပွဲ ဖိတ်​ကြားလွှာ​တွေ မပို့​ဆောင်​ရ​သေးခင်​ကို Ryujin ဆီက သဝဏ်​​ရောက်​လာတာဟာ အံ့သြစရာပဲ !"

Izanagi sama က မျက်​ဝန်​း​တွေ ​မှေးကျဉ်​းလိုက်​ပြီး သူ့ထံဆက်​သတဲ့ သဝဏ်​ကို ဖတ်​ရှုလိုက်​တယ်​ !

သဝဏ်​ထဲ ဘယ်​လိုအ​ကြောင်​းအရာ​တွေ ​ရေးသားထားသည်​မသိ ဖတ်​ရှု​နေတဲ့ Izanagi sama ရဲ့ မျက်​နှာဟာ မဲပုတ်​လာသည်​!

" အတင်​့ရဲလိုက်​​လေ !!!!!!"

ရုတ်​တရက်​ Izanagi sama ဟာ ဝုန်​းကနဲ ထရပ်​ပြီး လက်​ထဲက သဝဏ်​ကို လွှင်​့ပစ်​ကာ ​ဒေါသတကြီး​အော်​ဟစ်​လိုက်​တဲ့အတွက်​ ခန်​းမ​ဆောင်​ထဲရှိ Kami sama ​တွေအားလုံး Izanagi sama ဆီက အရှိန်​အဝါ ဖိအားတစ်​ခုကို ပြင်​းစွာခံစားလိုက်​ကြရ​လေသည်​ ! Izanagi sama လွှတ်​ပစ်​လိုက်​တဲ့ Ryujin sama ရဲ့ သဝဏ်​ဟာ ချက်​ခြင်​းဆိုသလို မီး​တောက်​​လောင်​သွား၏ !

Unbreakable ( Unicode Version )Où les histoires vivent. Découvrez maintenant